
ချစ်သူအပေါ်
စိတ်ကောက်နေတဲ့ မိန်းကလေးတွေက သူတို့ချစ်သူဆီက
ဖုန်းကိုစောင့်မျှော်နေကြပေမယ့် ကောင်လေးဘက်က ဖုန်းဆက်လာရင် မကိုင်ဘဲ
နေတတ်သလို … အသံမာမာနဲ့ပြောပြီးတော့လည်း ဖုန်းချတတ်ကြပါတယ် ။
အဲ့လိုလုပ်တာကို ကောင်လေးတွေက ဒီကောင်မလေးတော့ ငါ့အပေါ် ရစ်နေတယ်လို့ ထင်နေပေမယ့် တကယ်တမ်း ကောင်မလေးတွေ အဲ့လိုလုပ်တယ်ဆိုတာ သူ့ချစ်သူ သူ့အပေါ် ဘယ်လောက်တောင် သည်းခံနိုင်လဲ … အနွံတာခံနိုင်လဲ … မေတ္တာထားနိုင်လဲဆိုတာကို စမ်းသပ်နည်းတွေထဲက တစ်မျိုးဖြစ်ပါတယ် ။
နောက်ပြီး ချစ်သူအပေါ်တကယ်ချစ်တဲ့ မိန်းကလေးတွေကလည်း ကိုယ့်ချစ်သူစိတ်ညစ်အောင် အချိန်အကြာကြီး ညှင်းမထားတတ်ပါဘူး ။ အချိန်တန်ရင် သူ့ဟာသူ စိတ်ပြေသွားတတ်ကြပါတယ် ။ ဒါတွေကြောင့် ကောင်လေးတွေနှုတ်က “နင့်ကိုချစ်ရတာ ငါတော့ရူးချင်လာပြီ” လို့ ခဏခဏပြောနေကြတာဖြစ်ပါတယ် ။
ကောင်မလေး စိတ်ကောက်တဲ့အချိန် ကောင်လေးဘက်က စိတ်မရှည်လို့ ပြန်အော်ဟစ်လိုက်မယ်ဆိုရင် ကောင်မလေးရင်ထဲမှာ သူငါ့အပေါ်တကယ်မချစ်ဘူးဆိုပြီး စွဲမှတ်သွားတတ်ပါတယ် ။ (မိန်းကလေးတွေက အမှတ်သညာအရမ်းကြီးတဲ့အတွက် ဒါတွေကိုမေ့ပျောက်သွားမှာ မဟုတ်ပါဘူး)
ဒါကြောင့် ကောင်လေးဘက်က တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီး ချစ်သူကောင်မလေး ကိုယ့်အပေါ်စိတ်ကြည်လာအောင် ပြန်ချော့သင့်ပါတယ် ။
Hint … ကောင်လေးတစ်ယောက်အပေါ် ချစ်ရဲ့သားနဲ့ သ၀န်မတိုတတ်တဲ့ကောင်မလေး …
မရစ်တတ်တဲ့ကောင်မလေးဆိုတာ မရှိပါဘူး ။ ရင့်ကျက်မှု နားလည်မှု ဘယ်လောက်ရှိရှိ
ကောင်မလေးတိုင်းရဲ့ ရင်ထဲမှာ သူတို့ချစ်သူအပေါ် ကလေးဆန်ဆန် သ၀န်တိုမှု
ဆိုးနွဲ့ချင်မှု အနည်းနဲ့အများ ရှိတတ်ကြပါတယ် ။
ဒါပေမယ့် ကောင်မလေးတွေဘက်ကလည်း ချစ်သူအပေါ် တရားလွန်ကြီး သ၀န်တိုနေမယ် ဆိုးနေမယ်ဆိုရင် ဘယ်လောက်ချစ်တဲ့ ယောကျာ်းပဲဖြစ်ဖြစ် စိတ်ကုန်လာတတ်တယ် ဆိုတာကိုတော့ ခင်ပျိုမဒီတို့ မေ့မထားသင့်ပြန်ဘူး ။
No comments:
Post a Comment