Wednesday, 6 February 2013

တစ်သက်တာလက်တွဲဖို့ ရွေးချယ်ပြီးရင်

တစ်သက်တာလက်တွဲဖို့ ရွေးချယ်ပြီးရင် အဲဒီလက်ကို မလွတ်နဲ့တော့၊ 
ပတ်ဝန်းကျင်ရဲ့သွေးထိုးစကားကို ဂရုမစိုက်နဲ့တော့၊ ကိုယ့်ရွေးချယ်မှုကို ယုံကြည်ပါ၊
သူ့ရဲ့ ပညာအဆင့်အတန်းက မြင့်ချင်မှမြင့်မယ်
ဒါမှမဟုတ် တခြားလူထက် ကြည့်ပျော်ရှုပျော်ဖြစ်ချင်မှဖြစ်မယ်
ဒါမှမဟုတ် ရာထူး၊ ဂုဏ် ရှိချင်မှရှိမယ်
ဒါပေမယ့် စစချင်းမှာ သင့်ကိုရင်ခုန်စေခဲ့တာက သူ့ရဲ့ရိုးရှင်းတဲ့အလှ၊ လှပတဲ့စိတ်ဓာတ်ကြောင့်ဆိုတာ မမေ့ပါနဲ့
လက်တွဲဖော်ဆိုတာ ပါးစပ်ဖျားမှာ ချိတ်ဆွဲကြွားဝါဖို့မဟုတ်ဘူး
လက်တွဲဖော်ဆိုတာ ရင်ထဲထည့်ပြီး ချစ်ရမယ်သူဖြစ်တယ်။
.

နိုင်းနိုင်းစနေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...