ချစ်တယ်လို့ပြောတာ လွယ်ကူပါတယ် နေ့တိုင်းအဲဒီအချစ်ကို တည်တံ့အောင် သက်သေပြနေဖို့ကသာခက်ကြတယ်
တစ်သက်လုံးချစ်ပါ့မယ်လို့ ကတိပေးရတာလွယ်ကူပါတယ် အဲဒီကတိကို တည်ဖို့ တစ်သက်လုံး စောင့်ထိမ်းဖို့သာ ခက်ကြတယ်
အရာရာကိုနားလည်ခွင့်လွှတ်ပေးပါ့မယ်လို့ ပြောရတာ လွယ်ကူပါတယ် ကိုယ်ခွင့်မလွှတ်နိုင်တဲ့ အရာကြုံလာတဲ့အခါ အဲဒီစကားက ပျက်တတ်တယ်
သစ္စာ မဖောက်ပဲနေပါ့မယ်လို့ ပြောရတာလွယ်ကူပါတယ် တကယ့် အချစ်စစ်တွေကမှသာ အဲဒီသစ္စာကိုတည်တံ့တယ်
တစ်သက်လုံးမမုန်းပါဘူးလို့ ပြောရတာ လွယ်ကူပါတယ် နာကျင်စရာတွေ အထပ်ထပ် ကြုံလာရတဲ့အခါမှာတော့ မုန်းသွားတတ်တယ်
အချစ်က ပေးဆပ်ခြင်းပါလို့ ပြောရတာ လွယ်ကူပါတယ် ပိုင်ဆိုင်လို တဲ့စိတ်တွေများလာတဲ့အခါ ပေးဆပ်ခြင်းကနေ ရယူလိုခြင်းတွေဖြစ်သွားတတ်တယ်
နောက်ဆုံး . . .
ကိုယ်ချင်းစာတယ်လို့ ပြောရတာလွယ်ကူပါတယ် တစ်ဖက်သားရဲ့ ရင်ထဲကို ၀င်ပြီးခံစားပေးဖို့ကသာ ခက်ကြတယ် ။
သက်တန့်ချို

No comments:
Post a Comment