Monday, 18 February 2013

♥♥♥တစ်ခါတရံ♥♥♥

♥♥♥တစ်ခါတရံ♥♥♥

တစ်ခါတရံ ဘ၀မှာ ဘာဆက်လုပ်ရမှန်းမသိအောင် စိတ်ပျက်အားငယ်ပြီး အခန်းကျဉ်းထဲမှာ တစ်ယောက်တည်း ငြိမ်နေချင်မိတတ်ကြတယ်။ 

တစ်ကိုယ်တည်း အထီးကျန်လာလေ ဘ၀တစ်ခုလုံး ဆုံရှုံးသွားပြီးလို့ ထင်မြင်တတ်လာကြပြီး ရှေဆက်ဖို့ အင်အားတွေ ပျောက်ကုန် ၊ ဆုံးကုန်တယ်လို့ ခံစားမိလာတယ်။ အဲဒီအခါမှာ အောင်မြင်မှုလမ်းစကို ဘယ်လိုမှ ရှာမတွေ့တော့လောက်အောင် လေးလံထိုင်းမှိုင်းပြီး ဘ၀ကို အရှုံးပေးဖို့ စဉ်စားလာမိကြတတ်ပါတယ်။ သင်သေချာကြည့်လိုက်ပါ။ သင့်အခန်းလေးက သင့်ကိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်တွေ ပြောပြနေတယ်လေ။

၁။ မျက်နှာကြက်လေးက --ရည်မှန်းချက်ကို မြင့်မြင့်ထားစမ်းပါ။

၂။ ပန်ကာလေးက -- စိတ်ကို အေးအေးထားမှပေါ့။

၃။ နာရီင်္လေးက-- မိနစ်တိုင်းက တန်းဖိုးမဖြတ်နိုင်ဘူး ဆိုတာသိလား။

၎။ မှန်လေးက-- မင်းလုပ်သမျှ မင်းပြန်ရမှာမို့ ဘာပဲလုပ်လုပ် မလုပ်ခင်အရင် စဉ်စားပြီးမှ လုပ်နော်။ 

၅။ ပြတင်းပေါက်လေးက -- လောကကြီးတစ်ခုလုံးကို ဖြန့်ကြက်ကြည့်စမ်းပါကွာ။ မင်းတစ်ယောက်တည်းမှ မဟုတ်တာ။

၆။ ပြက္ခးဒိန်လေးကတော့ -- နေ့ရက်တိုင်းဟာ စိတ်ကူးသစ်အတွေးအခေါ်သစ်တွေနဲ့ ဆန်းသစ်ပြီး ခေတ်ကို အမီလိုက်မှဖြစ်မယ်။

၇။ တံခါးလေးကတော့ -- ငါကို ခပ်ပြင်းပြင်းတွန်းဖွင့်ပြီး အင်အားအပြည့်နဲ့ အောင်မြင်မှုပန်းတိုင်ဆီကို အရောက်သွားပါတော့လို့ ပြောနေသလိုပါဘဲ။

မှတ်ချက် ။။။။။ စိတ်ဒဏ်ရာသည် လူတိုင်းတွင်ရှိသည် လူတိုင်းတွင်ရှိသော စိတ်ဒဏ်ရာကြောင့် ဆုံးရှုံးမှုများ ကင်းဝေးကာ ပျော်ရွင်သော ဘ၀ကို ပိုင်ဆိုင်ပါစေ...................း)

✿✿✿Poem✿✿✿

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...