Monday, 18 February 2013

ညီမလေးအတွက် ရေးတဲ့စာ (၂)

ညီမလေးအတွက် ရေးတဲ့စာ (၂)
---------------------------------

(၁) ညီမလေးရေ ... လူနှစ်ယောက်က အချစ်မပါဘဲလည်း Sex ကိစ္စ ဖြစ်နိုင်သလို Sex ကိစ္စ မပါဘဲလည်း ချစ်နေနိုင်ပါတယ် ။

(၂) ညီမလေးအပေါ် ယောကျာ်းတစ်ယောက်က တကယ်မချစ်ဘဲ Sex ကိစ္စအတွက် ချဉ်းကပ်လာတာ ဖြစ်နိုင်တယ် ။ အပေါ်ယံစကားလုံးတွေ အထိအတွေ့တွေအတွက်နဲ့ တိမ်းညွတ်တော့မလို့လား ။ သေချာစဉ်းစားပါ ။

(၃) ညီမလေးဘက်က ယောကျာ်းတစ်ယောက်ကို Sex ကိစ္စနဲ့ ဆွဲဆောင်မယ်ဆိုရင်လည်း အချိန်အတိုင်းအတာ တစ်ခုထိပဲ ရလိမ့်မယ် ။ယောကျာ်းတစ်ယောက်ကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်ဘ၀ကို စတေးရဲတဲ့ ညီမလေးကို ချစ်သူနဲ့တွဲနေတုန်းသာ ဟန်ဆောင်ချီးမွမ်းကြမှာ ... ပြတ်သွားတဲ့အခါကျရင်တော့ နောက်ကွယ်မှာ အတင်းအဖျင်းပြောပြီး ဘယ်သူကမှ လေးစားတန်ဖိုးထားနေမှာ မဟုတ်ပါဘူး ။

(၃) ညီမလေးဘက်က ထိန်းသိမ်းလာခဲ့တဲ့ အပျိုရည်ကိုပေးလိုက်တာနဲ့ သူကိုယ့်ကို အမြဲချစ်နေမယ်ဆိုတာ တကယ်တမ်း ကိုယ့်ဟာကိုယ် လှည့်စားနေတာပါပဲ ။ အဲ့လိုအတွေးနဲ့ ကိုယ့်ကို ချစ်မယ့်လူကိုလိုက်ရှာမယ်ဆိုရင်လည်း ရည်းစားတွေသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားမယ် ညီမလေးကို တကယ်ချစ်တဲ့လူဆိုတာ ပေါ်လာနိုင်မှာ မဟုတ်ပါဘူး ။

(၄) ညီမလေးအပေါ် တကယ်ချစ်တဲ့ယောကျာ်းတစ်ယောက်ကလည်း Sex ကိစ္စကို အတင်းအကျပ်လုပ်ယူနေမှာ မဟုတ်ဘူး ။ "သူစိတ်ဆင်းရဲမှာ မကြည့်ရက်လို့" " သူမုန်းသွားမှာ ပစ်သွားမှာစိုးလို့" ဆိုတာနဲ့ပဲ ဘ၀ပျက်သွားရတဲ့ မိန်းကလေးတွေ အများကြီးပဲဆိုတာ ညီမလေး မမေ့လိုက်ပါနဲ့ ။

(၅) ညီမလေးအပေါ် တကယ်မချစ်တဲ့ယောကျာ်းတစ်ယောက်ကို ညီမလေးရဲ့ အပျိုစင်ဘ၀ကို ပေးလိုက်တာနဲ့ သူ့ဘက်က တကယ်ချစ်လာမှာ မဟုတ်ပါဘူး ။  ။ယောကျာ်းတစ်ယောက်ကိုယ့်အပေါ် စိတ်ဝင်တစားရှိလာဖို့ တခြားနည်းလမ်းကောင်းတွေ အများကြီးရှိပါသေးတယ်။ လူတွေက လွယ်လွယ်ရတဲ့ အရာတွေကို တန်ဖိုးမထားတတ်ကြဘူးဆိုတာကိုလည်း ညီမလေး အမှတ်ရစေချင်တယ်။

(၆) တကယ်လို့ ညီမလေးရဲ့ အပျိုစင်ဘ၀ကိုပေးမှ ညီမလေးကသူ့ကို တကယ်ချစ်တာ လို့ပြောလာခဲ့ရင် သူ ညီမလေးအပေါ် တကယ်မချစ်ဘူး ။ သူက ညီမလေးကို အသုံးချယုံသက်သက်လို့ပဲ မြင်ထားတာပါ ။ စိတ်ပျော့ပြီး သူဆွဲဆောင်ရာပါမသွားပါစေနဲ့ ။

(၇) ညီမလေး အပေါ် Sex နဲပတ်သတ်ပြီး စွဲလမ်းနေတဲ့လူတစ်ယောက်ကလည်း ညီမလေးထက် လှတဲ့လူ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးနဲ့တွေ့ရင် အခွင့်အရေးလည်း ရခဲ့မယ်ဆိုရင် ညီမလေးကို ခေါက်ထားခဲ့မယ်ဆိုတာကိုလည်း မမေ့ပါနဲ့ ။ 

(၈)  ချစ်ခြင်းတစ်ခုတည်မြဲဖို့ ပျော်ရွှင်နေဖို့အတွက် Sex ကိစ္စပါဝင်မှ မဟုတ်ပါဘူး ။ တကယ်လို့ Sex ကိစ္စသက်သက်ကြောင့် လက်ထပ်ခဲ့ရရင် ညီမလေးတို့လက်ထပ်ခြင်းဟာ တချိန်မှာ  ကြေကွဲစရာတွေ ဖြစ်လာနိုင်ချေများပါတယ် ။ 

(၉) တစ်စုံတစ်ယောက်ရဲ့ အသုံးတော်ခံ အဖြစ်နေတာဟာ တကယ်တော့ မိုက်မဲမှုသက်သက်ပါ ။ အနာဂတ်ဆိုတာ ဘာမှမရေရာဘူးလေ ။ ထာဝရမခွဲဘူးဆိုပြီး မရေရာတဲ့အနာဂတ်တစ်ခုအတွက် တသက်လုံးထိန်းလာခဲ့တဲ့ သိက္ခာတရားတွေကို စတေးတော့မလို့လား ။ 

(၁၀) တချိန်မှာ ညီမလေးကို လက်ထပ်မယ့်သူက ညီမလေးအပေါ် တကယ်ချစ်မြတ်နိုးပြီး နားလည်မှုရှိတဲ့လူ ၊ ညီမလေးရဲ့ အလှတရားတွေ ခမ်းခြောက်သွားပြီး အနာရောဂါခံစားနေရရင်တောင် အနားကမခွာ ဂရုတစိုက်ရှိနေမယ့်လူ ၊ ညီမလေးရဲ့ နှလုံးသားထဲက အချစ်ကိုနူးညံ့စွာ တန်ဖိုးထားနေမယ့်လူ တယောက်ပဲ ဖြစ်ပါစေ ... ညီမလေးရဲ့ အပေါ်ယံအလှအပတွေ ဂုဏ်ဒြပ်တွေကို စွဲလမ်းမက်မောနေတဲ့သူ မဖြစ်ပါစေနဲ့လို့ အကိုဆုတောင်းပေးလိုက်ပါတယ် ။

.ပိုးဟပ်ဖြူ.

( @[280507352064124:274:Heart Canteen] )
ညီမလေးအတွက် ရေးတဲ့စာ (၂)
------------------------------
---

( Heart Canteen )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...