ကျွန်တော် ၄ နှစ်သား အရွယ်တုန်းက - ဟုတ်ကဲ.ပါ မေကြီး
၁၀ နှစ်သား-- ဟုတ် အမေ
၁၆ နှစ်သား-- အမေ သားကို မနှောက်ယှက်ပါနဲ.။
၁၈ နှစ်သား-- အမေ.အိမ်ကနေ သား ထွက်သွားတော.မယ်
၂၅ နှစ်သား-- အမေ.စကား နားမထောင်ခဲ.တာမှားပြီ
၃၀နှစ်သား-- အမေ.အိမ်ကို ပြန်ချင်တယ်။ အမေ.အိမ်က သားအတွက်အငြိမ်းချမ်းဆုံးနေရာပါ
၅၀နှစ်သား-- အမေ.ကို အဆုံးရှုံး မခံနိုင်ဘူး
၇၀ နှစ်သား-- အကယ်၍ အမေသာ သားနဲ.အတူ ရှိနေမယ်ဆိုရင် သားအရာအားလုံးကို ပေးဆပ်နိုင်ပါတယ်။ အမေ.ကို အားလုံးနဲ. လဲနိုင်တယ်။ သားကို ကောင်းကင်ဘုံ(နတ်ပြည်) က နေ အမေ ပြုံးပြီး ကြည်.နေမယ်ဆိုတာ သားယုံကြည်ပါတယ်။
အကယ်၍ သားသမီးတွေက သစ်ပင် တစ်ပင် ဖြစ်မယ်ဆိုရင် အမေက ရေနဲ. နေရောင်ခြည်ဖြစ်ပါတယ်။
သစ်ပင် တစ်ပင် ရှင်သန်ဖို.အတွက် ရေနဲ. နေရောင်ခြည်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ရေ နဲ. နေရောင်ခြည်
ဟာ သစ်ပင် ကို ကြီးထွားလာစေတယ်။ အကိုင်းအခက်တွေနဲ.ဝေေ၀ ဆာဆာ ဖြစ်နေပါစေတယ်။ မြင်.မားတဲ. အရွယ်အစား
အထိရောက်အောင် ပံ.ပိုးပေးပါတယ်။



![ညီမလေးအတွက် ရေးတဲ့စာ (၂)
---------------------------------
(၁) ညီမလေးရေ ... လူနှစ်ယောက်က အချစ်မပါဘဲလည်း Sex ကိစ္စ ဖြစ်နိုင်သလို Sex ကိစ္စ မပါဘဲလည်း ချစ်နေနိုင်ပါတယ် ။
(၂) ညီမလေးအပေါ် ယောကျာ်းတစ်ယောက်က တကယ်မချစ်ဘဲ Sex ကိစ္စအတွက် ချဉ်းကပ်လာတာ ဖြစ်နိုင်တယ် ။ အပေါ်ယံစကားလုံးတွေ အထိအတွေ့တွေအတွက်နဲ့ တိမ်းညွတ်တော့မလို့လား ။ သေချာစဉ်းစားပါ ။
(၃) ညီမလေးဘက်က ယောကျာ်းတစ်ယောက်ကို Sex ကိစ္စနဲ့ ဆွဲဆောင်မယ်ဆိုရင်လည်း အချိန်အတိုင်းအတာ တစ်ခုထိပဲ ရလိမ့်မယ် ။ယောကျာ်းတစ်ယောက်ကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်ဘ၀ကို စတေးရဲတဲ့ ညီမလေးကို ချစ်သူနဲ့တွဲနေတုန်းသာ ဟန်ဆောင်ချီးမွမ်းကြမှာ ... ပြတ်သွားတဲ့အခါကျရင်တော့ နောက်ကွယ်မှာ အတင်းအဖျင်းပြောပြီး ဘယ်သူကမှ လေးစားတန်ဖိုးထားနေမှာ မဟုတ်ပါဘူး ။
(၃) ညီမလေးဘက်က ထိန်းသိမ်းလာခဲ့တဲ့ အပျိုရည်ကိုပေးလိုက်တာနဲ့ သူကိုယ့်ကို အမြဲချစ်နေမယ်ဆိုတာ တကယ်တမ်း ကိုယ့်ဟာကိုယ် လှည့်စားနေတာပါပဲ ။ အဲ့လိုအတွေးနဲ့ ကိုယ့်ကို ချစ်မယ့်လူကိုလိုက်ရှာမယ်ဆိုရင်လည်း ရည်းစားတွေသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားမယ် ညီမလေးကို တကယ်ချစ်တဲ့လူဆိုတာ ပေါ်လာနိုင်မှာ မဟုတ်ပါဘူး ။
(၄) ညီမလေးအပေါ် တကယ်ချစ်တဲ့ယောကျာ်းတစ်ယောက်ကလည်း Sex ကိစ္စကို အတင်းအကျပ်လုပ်ယူနေမှာ မဟုတ်ဘူး ။ "သူစိတ်ဆင်းရဲမှာ မကြည့်ရက်လို့" " သူမုန်းသွားမှာ ပစ်သွားမှာစိုးလို့" ဆိုတာနဲ့ပဲ ဘ၀ပျက်သွားရတဲ့ မိန်းကလေးတွေ အများကြီးပဲဆိုတာ ညီမလေး မမေ့လိုက်ပါနဲ့ ။
(၅) ညီမလေးအပေါ် တကယ်မချစ်တဲ့ယောကျာ်းတစ်ယောက်ကို ညီမလေးရဲ့ အပျိုစင်ဘ၀ကို ပေးလိုက်တာနဲ့ သူ့ဘက်က တကယ်ချစ်လာမှာ မဟုတ်ပါဘူး ။ ။ယောကျာ်းတစ်ယောက်ကိုယ့်အပေါ် စိတ်ဝင်တစားရှိလာဖို့ တခြားနည်းလမ်းကောင်းတွေ အများကြီးရှိပါသေးတယ်။ လူတွေက လွယ်လွယ်ရတဲ့ အရာတွေကို တန်ဖိုးမထားတတ်ကြဘူးဆိုတာကိုလည်း ညီမလေး အမှတ်ရစေချင်တယ်။
(၆) တကယ်လို့ ညီမလေးရဲ့ အပျိုစင်ဘ၀ကိုပေးမှ ညီမလေးကသူ့ကို တကယ်ချစ်တာ လို့ပြောလာခဲ့ရင် သူ ညီမလေးအပေါ် တကယ်မချစ်ဘူး ။ သူက ညီမလေးကို အသုံးချယုံသက်သက်လို့ပဲ မြင်ထားတာပါ ။ စိတ်ပျော့ပြီး သူဆွဲဆောင်ရာပါမသွားပါစေနဲ့ ။
(၇) ညီမလေး အပေါ် Sex နဲပတ်သတ်ပြီး စွဲလမ်းနေတဲ့လူတစ်ယောက်ကလည်း ညီမလေးထက် လှတဲ့လူ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးနဲ့တွေ့ရင် အခွင့်အရေးလည်း ရခဲ့မယ်ဆိုရင် ညီမလေးကို ခေါက်ထားခဲ့မယ်ဆိုတာကိုလည်း မမေ့ပါနဲ့ ။
(၈) ချစ်ခြင်းတစ်ခုတည်မြဲဖို့ ပျော်ရွှင်နေဖို့အတွက် Sex ကိစ္စပါဝင်မှ မဟုတ်ပါဘူး ။ တကယ်လို့ Sex ကိစ္စသက်သက်ကြောင့် လက်ထပ်ခဲ့ရရင် ညီမလေးတို့လက်ထပ်ခြင်းဟာ တချိန်မှာ ကြေကွဲစရာတွေ ဖြစ်လာနိုင်ချေများပါတယ် ။
(၉) တစ်စုံတစ်ယောက်ရဲ့ အသုံးတော်ခံ အဖြစ်နေတာဟာ တကယ်တော့ မိုက်မဲမှုသက်သက်ပါ ။ အနာဂတ်ဆိုတာ ဘာမှမရေရာဘူးလေ ။ ထာဝရမခွဲဘူးဆိုပြီး မရေရာတဲ့အနာဂတ်တစ်ခုအတွက် တသက်လုံးထိန်းလာခဲ့တဲ့ သိက္ခာတရားတွေကို စတေးတော့မလို့လား ။
(၁၀) တချိန်မှာ ညီမလေးကို လက်ထပ်မယ့်သူက ညီမလေးအပေါ် တကယ်ချစ်မြတ်နိုးပြီး နားလည်မှုရှိတဲ့လူ ၊ ညီမလေးရဲ့ အလှတရားတွေ ခမ်းခြောက်သွားပြီး အနာရောဂါခံစားနေရရင်တောင် အနားကမခွာ ဂရုတစိုက်ရှိနေမယ့်လူ ၊ ညီမလေးရဲ့ နှလုံးသားထဲက အချစ်ကိုနူးညံ့စွာ တန်ဖိုးထားနေမယ့်လူ တယောက်ပဲ ဖြစ်ပါစေ ... ညီမလေးရဲ့ အပေါ်ယံအလှအပတွေ ဂုဏ်ဒြပ်တွေကို စွဲလမ်းမက်မောနေတဲ့သူ မဖြစ်ပါစေနဲ့လို့ အကိုဆုတောင်းပေးလိုက်ပါတယ် ။
.ပိုးဟပ်ဖြူ.
( @[280507352064124:274:Heart Canteen] )](http://sphotos-h.ak.fbcdn.net/hphotos-ak-prn1/s480x480/47848_352655091516016_1339457442_n.jpg)











