Saturday, 30 March 2013

ကွဲကွာခြင်း (သို့) ခွဲခွာခြင်းဆိုသည်မှာ

ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ
(မငိုကြသောမိသားစု)

ကွဲကွာခြင်း (သို့) ခွဲခွာခြင်းဆိုသည်မှာ 

ထုတ်ပယ်ပစ်၍ မရစကောင်းသော

လူ့ဘ၀၏ သင်္ကေတ တစ်ခုပင်ဖြစ်သည်။

မည်သူမဆို ထိုသဘောတရားနှင့် 

ကင်းကင်းရှင်းရှင်းနေချင်ပါသော်လည်း

အလိုဆန္ဒမပြည့်ဝနိုင်ကြပါ..။

မည်သို့ပင်ကြိုးပမ်းလုံ့လပြု  

တားဆီးကြစေကာမူ

တစ်နေ့နေ့တစ်ချိန်ချိန်တွင်

ကွေကွင်းရခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ကြသည်သာ ဖြစ်ပါသည်..။

*နှလုံးသွင်းရန်နည်းလမ်းများမှာ............*
"ပျက်စီးတတ်တဲ့သဘောမို့ ပျက်စီးသွားရလေပြီ၊ သေရမဲ့သဘောမို့သေသွားခြင်းဖြစ်သည်၊
ဖြစ်ပေါ်လာတဲ့သင်္ခါရတရားမှန်သမျှဟာ ပျက်စီးခြင်းမှာနိဂုံးချုပ်ရမှာပဲ" ဟုသံဝေဂတရားပွါးခြင်းဖြင့်လည်းကောင်း..............

"မြွေများဟာ အရေခွံလဲတဲ့ အချိန်မှာ အရေခွံဟောင်းကိုစွန့်ပစ်သွားသကဲ့သို့ အရေခွံဟောင်းနဲ့တူတဲ့ ဤ ခန္ဓာသည်လည်းအချိန်တန်လျှင်စွန့်ပစ်ရမည်သာ"........
ဘ၀သစ်သို့ရောက်ချိန်တွင်လည်း ခန္ဓာသစ်ကိုရရှိနေပြီဖြစ်၍ ခန္ဓာဟောင်းကိုမလိုချင်တော့သည်မှာ ဓမ္မတာပင်ဖြစ်လိမ့်မည်။ ဟုလည်းကောင်း..........

"လာတုန်းကလည်းခွင့်မတောင်းပဲလာခဲ့လေပြီ၊ ပြန်သွားတော့လည်းခွင့်မတောင်းပဲ သူ့သဘောနှင့် သူပြန်ရလေပြီ။"...ဘ၀ဟောင်းမှ ဘ၀သစ်သို့ရောက်လာကြသူတို့သည် မိမိတို့ကံ အကြောင်းကြောင့်သာ ရောက်လာကြခြင်းဖြစ်၏၊ထို့အတူ ဤဘ၀မှ နောက်ဘ၀ သို့ထပ်မံ ပြောင်းရွေ့ကြသည်မှာလည်း မိမိတို့ကံအလျောက်သာ သွားရောက်ကြခြင်းဖြစ်သည်။ ဧည့်သည်ပမာခေတ္တသာ လာရောက်လည်ပတ်ပြီးအချိန်တန်ကပြန်သွားတတ်သည့် သဘောကို ကောင်းစွာနားလည်ရပါမည်။

သောကဟူသောသဘောတရားသည် အမှန်တရားကို မသိမြင်ကြသေးသောသူများ၏ ရင်တွင်းသို့သာ ထိုးဖောက်ဝင်ရောက်နိုင်ပါသည်။ အကြောင်းမှန်ကို သိ၍ သောကအဖြစ်မခံသောသူတို့နှင့် ကြုံဆုံလျှင်ကား အနားသို့ပင်မကပ်နိုင်ပဲ ထွက်ပြေးပုန်းရှောင်ရလေတော့သည်။

ဒါန သီလ ဘာဝနာတရားများကိုကြိုးစားအားထုတ်ရင်း သောကကင်း ကင်းနေနိုင်အောင် လေ့ကျင့် အားထုတ်နေသင့်ပါသည်..။

စာဖတ်သူမိတ်ဆွေများလည်း ကွဲကွာခြင်း၊ခွဲခွာခြင်း သဘောတရားများကို ဆရာတော်၏ တရားအနှစ် ချုပ်ကိုဖတ်ရှု့ပြီး တဖြည်းဖြည်းနားလည်သဘောပေါက်လာနိုင်ကြပါစေ..။
မေတ္တာဖြင့် Tthaw...

တစ်ဦးချင်းငြိမ်းချမ်းမှုမှ လောကငြိမ်းချမ်းရေးသို့ ”

“ တစ်ဦးချင်းငြိမ်းချမ်းမှုမှ လောကငြိမ်းချမ်းရေးသို့ ”
••••••••••••••••••••••••••••••••••••••••••

“ စစ်ကို ဘယ်က စသလဲ ဆိုရင်
စိတ်က စတယ်။
လူတစ်ယောက်ချင်းစီရဲ့
စိတ်ဓာတ်ကနေပြီးတော့ စတာ။
အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို
မလုပ်သေးခင် ဘာအရင်လုပ်ရမလဲ။
တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့
စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်
လုပ်ရမယ်။ ”

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာဥာဏိဿရ

Dhamma Danã Source ►
Young Buddhist's Association

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>Young Buddhist's Association<< Thank“ တစ်ဦးချင်းငြိမ်းချမ်းမှုမှ လောကငြိမ်းချမ်းရေးသို့ ”
••••••••••••••••••••••••••••••
••••••••••••

“ စစ်ကို ဘယ်က စသလဲ ဆိုရင်

စိတ်က စတယ်။
လူတစ်ယောက်ချင်းစီရဲ့
စိတ်ဓာတ်ကနေပြီးတော့ စတာ။
အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို
မလုပ်သေးခင် ဘာအရင်လုပ်ရမလဲ။
တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့
စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်
လုပ်ရမယ်။ ”

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

ဒေါက်တာဥာဏိဿရ

Dhamma Danã Source ►

Young Buddhist's Association

နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားပဲတဲ့

ဒါမျိုးလေးရမှ မိန်းမယူမယ် အဟီးးးးးးးးးးးးးးးးး:D

ယောက်ျားလေးအတွက်

ကျွန်တော်မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ်ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ဂျပန်စား၊ စသည်ဖြင့် ပြောင်းလဲချက်ချက်လား။ ရတယ်။ ဒီကိစ္စမှာသူမကို လုံးဝလွတ်လပ်ခွင့်ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်းသန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကားနားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

ကျွန်တော်မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယော
က်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ်ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ဂျပန်စား၊ စသည်ဖြင့် ပြောင်းလဲချက်ချက်လား။ ရတယ်။ ဒီကိစ္စမှာသူမကို လုံးဝလွတ်လပ်ခွင့်ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်းသန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကားနားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်
ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်း
ကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထား
သည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက်လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်
တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်းရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေ
ရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသ
ကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်
မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်

MyanmarTodayNews's 

AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ ဆုရရှိ

မလေးရှားနိုင်ငံတွင်ကျင်းပသော AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ နေရာ ရာထားချင်းခံရသည်ဟု သိရပါသည်။ ၎င်းဆုများမှာ (Best Film Photography (အောင်ကိုလတ်) နှင့် Best supporting actress (Rose Mary) တို့ဖြစ်ပြီး ဆုများကို ဒီနေ့ညနေ ကြေငြာမှာဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ် Facebook စာမျက်နှာမှ
မလေးရှားနိုင်ငံတွင်ကျင်းပသော AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် 
 
ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ နေရာ ရာထားချင်းခံရသည်ဟု 
 
သိရပါသည်။ ၎င်းဆုများမှာ (Best Film Photography (အောင်ကိုလတ်) နှင့် Best supporting 
 
actress (Rose Mary) တို့ဖြစ်ပြီး ဆုများကို ဒီနေ့ညနေ ကြေငြာမှာဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ် Facebook စာမျက်နှာမှ

Sunday, 17 March 2013

အချစ်ဧ။် အစွမ်းသတ္တိများ

Photo: အချစ်ဧ။် အစွမ်းသတ္တိများ
++++++++++++++
၁။ စိတ်ညစ်မှုတွေ ဘယ်လောက်ပဲများများ အချစ်နဲ့ လက်တလော ထိတွေ့နေရင် အားလုံးကို မေ့ပျောက်နိုင်တယ်။

၂။ အခက်အခဲတွေကို ဖြေရှင်းဖို့ အားဆေး တစ်ခွက်လည်း ဖြစ်တယ်။

၃။ အချစ်ပာာ ကြောက်စိတ်ကို တွန်းလှန်နိုင်တယ်။

၎။ လမ်းပျောက်နေတဲ့လူတွေကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်တယ်။

၅။လူမိုက်ကို လိမ္မာလာစေတယ်။

၆။ စိတ်ညစ်တဲ့အခါ နှစ်သိမ့်မှုကိုပေးတယ်။

၇။ အချစ်စိတ် စွမ်းအားကောင်းလျှင် အရက်ဖြတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်လာတယ်။

၈။ အနှိုင်းမဲ့ အထိအတွေ့ကိုလည်း ရရှိ ခံစားစေတယ်။ 

၉။ အတွေ့အကြုံကောင်းလည်း ဖြစ်တယ်။

၁၀။ ဘ၀ကို အဓိပ္ပာယ် ရှိစေတယ်။

အားလုံး အချစ်ကို စားသုံးနိုင်ပါစေ။

ပြည်ငြိမ်း

Related Posts Plugin for WordPress, Blogger...