Monday, 8 April 2013

ဘာလဲဟ................

ချစ်သူ

အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခုကိုယ်ပို့လိုက်တဲ. စာကလေးကိုရရင် အမွေးနှုတ်ပြီးကြော်စားလိုက်ပါနော်…
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး…
မင်းနဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညှင်းဆန်တွေဈေးကြီးတာ မင်းအသိပါ….
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းကရေငုတ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့
အချစ်ရယ်…..
ကိုယ်တစ်ရောက်တည်း လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ အခုဆိုခြောက်လောက်ရောပေါ့….
မင်းအချစ်ကိုသာမရရင် မထူးတော့တဲ့ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ…

ကိုယ်ဒီလို အရဲစွန်.ပြီးစာရေးတာကို စိတ်မဆိုးပါနဲ့ နော်……
ငပိစားပြီး အသိတရားမရှိဘူးလို့ မပြောလိုက် ပါနဲ့ကွာ……
ဂေါ်ဖီစားပြီး တော်ကီပွားနေတယ်လို့လဲ မပြောလိုက်ပါနဲ...
ရုတ်တည်နဲ့ မုန့်တီထိုင်စားနေတာလို့လဲ မထင်လိုက်ပါနဲ့….
အရှက်မရှိ သရက်စေ့လဲ မဟုတ်ပါဘူးနော်…

ကိုယ်ဟာ ရုတ်ကလာပ်က စုတ်ပြတ်…
ရူပါက ချူချာ….
သောက်ရုပ်က မျောက်ကုတ်….
ပုံစံက ဒုံပျံ နေပေမယ့်…..
အသည်းနှလုံးကတော့ အရမ်းချစ်တတ်ပါတယ်…..

ကိုယ့်ရဲ့စာကို မင်းမိဘတွေတွေ့လို့ တော်တော်ဆူနေလား?
ဆူရင် မီးဖိုပေါ်က ချပြီး လက်ဖက်ခြောက်ခတ်လိုက်နော်…..
မင်းလေးကိုယ့် ဆီစာပြန် ပါဦးနော်…
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို ကိုယ် လေသေနတ်နဲ့
အသင့် ဆောင့်နေမယ် ….အဲလေမှားလို့ အသင့်စောင့်နေမယ်….

ချစ်တဲ.ကိုယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...