![]()
![]()
![]()
![]()
![]()
- ချစ်ဆူးအိမ်လေး
- Android Software အလန်းလေးများ
- Facebook ဆိုင်ရာ သိမှတ်ဖွယ်ရာများ
- G-mail, G-talk ဆိုင်ရာ နည်းပညာ လေ့လာသိမှတ်စရာများ
- Mobile Phone ဆိုင်ရာ သိမှတ်စရာ
- ကျန်းမာရေးအတွက် အစားအစာ
- ဆရာတော်များရဲ့ ဆုံးမသြ၀ါဒများ
- တရားတော်များ
- ထူးဆန်း အံ့သြဖွယ်
- ဗဟုသုတ
- ရယ်မောစရာ ပျော်ရွှင်စရာ
- သတင်း
- သိပ္ပံလောက တွေ့ရှိချက်များ
- သဘောကျစရာ ဓါတ်ပုံလေးများ
- အလှအပရေးရာ ပြုပြင်စရာ
- အကြောင်းအရာများ
- အနုပညာ သတင်း
- နှလုံးသား အာဟာရ စကားစုလေးများ
- အချစ်ဝတ္ထုတိုလေးများ
- ချစ်ဆူးအချစ်ကဗျာပန်းခင်းလေး
- စားမယ်၊ ၀ါးမယ်
မိဘမေတ္တာ ရင်သို့ထိသော စာလေးများ
Wednesday, 17 April 2013
Tuesday, 9 April 2013
မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိ
မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက မတ်လ၂၆ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။ မီချီဂန်ပြည်နယ်အခြေစိုက် အမေရိကန် သိပ္ပံပညာရှင်များသည် တွေ့ရှိချက်များအရ အဆိုပါဘူးလ်ငါးမန်းတွင် ခေါင်းနှစ်လုံးပါရှိသည့်အပြင် နှလုံးနှစ်ခုနှင့် အစာအိမ်နှစ်ခုပါရှိပြီး အမြီးတစ်ခုသာ ပါရှိသည်ကိုတွေ့ရသည်။ ၂၀၁၁ခုနှစ်ဝန်းကျင် မက္ကဆီကိုပင်လယ်ကွေ့အတွင်း ကမ်းလွန်ပင်လယ်ရေနံ တူးဖော်ရေးလုပ်ငန်းမှ ရေနံယိုစိမ့်မှုများအကြီးအကျယ်ဖြစ်ပွားပြီးနောက်ပိုင်း ထိုဒေသအတွင်း ပင်လယ်သတ္တ၀ါများနှင့် ငါးမန်းမျိုးစိတ်အခိျု့သည် ခေါင်းနှစ်လုံးပါရှိသော ရေနေသတ္တ၀ါများ မွေးဖွားလာသည်ကို တွေ့ရသည်။ လူသားများကို အန္တရာယ်ပေးနိုင်သည့် ဘူးလ်ငါးမန်းမျိုးစိတ်များအနက် ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းကို ထိုသို့တွေ့ရှိရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ထိုခေါင်းနှစ်လုံးနှင့် နွားငါးမန်းကို ဖလော်ရီဒါကီး ကွန်မြူနတီကောလိပ်နှင့် မီချီဂန်ပြည်နယ် ဇီဝဗေဒဆိုင်ရာ ငါးမျိုးစိတ်လေ့လာရေး သုတေသနပညာရှင် မစ္စတာဝက်ဂ်နာက စူးစမ်းလေ့လာနေစဉ် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
http://www.swesonemedia.org/
Monday, 8 April 2013
Martarbak ကြက်ဥ ခေါက်ဆွဲကြော်

အစာပြေ အဖြစ် လုပ်စားဖို့ Martarbak ကြက်ဥ ခေါက်ဆွဲကြော်လေးပါ။ လုပ်ရအရမ်းလွယ်ပြီ အချိန်တိုတွင်းမှာကို လုပ်စားလို့ရမှာပါ။ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၂လုံး
- ကြက်ဥခေါက်ဆွဲ – ၅၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)
- ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁။ ခွက်တစ်ခုထဲတွင် (ကြက်ဥ၊ ခေါက်ဆွဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ရောမွှေထားသော ကြက်ဥခေါက်ဆွဲများကို လောင်းထည့်လိုက်ပါ။

၃။ တဖက်ကျက်သွားလျှင် နောက်တဖက်သို့ လှန်ပြီ အညှိရောင်သန်းသညအထိ ကြော်ပေးပါ။
၎။ ကြက်ဥခေါက်ဆွဲကြော် ရပြီဆိုလျှင် ကတ်ကြေးဖြင့် ၈ပိုင်းပိုင်းလိုက်ပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။
၅။ ထိုင်း ငရုတ်သီးအချိုဆော့ဖြင့် တွဲဖက်ကာ ကြက်ဥ ခေါက်ဆွဲကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

————————————————————————————————————-
ကမ္ဘာ့အပုဆုံးနွားမလေးများ
ကမ္ဘာ့အပုဆုံးနွားမလေးများ
----------------------------------------------------------------
----------------------------------------------------------------
ကမ္ဘာ့အပုဆုံးနွားမအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ အင်္ဂလန်နိုင်ငံ Cheshire က အမြင့် ၃၃ လက်မခွဲသာရှိတဲ့ Swallow ဆိုတဲ့ Dexter အမျိုးအစားနွားမလေးပဲဖြစ်ပါတယ်... သူမဟာ ဒီလိုအကောင်သေးပေမဲ့ သာမန်နွားအရွယ်ရှိတဲ့ သားသမီး ကိုးကောင်ကိုမွေးဖွားပေးနိုင်ခဲ့ပါတယ်... ပုံအကြီးမှာပြထားတာကတော့ Swallow နဲ့ သူမရဲ့အငယ်ဆုံးသား နွားကလေး Freddie နဲ့တွဲရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်...
ဒါပေမဲ့ သူမရဲ့ကမ္ဘာ့အပုဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အိန္ဒိယနိုင်ငံက Diana ဆိုတဲ့ Vechur (Vechoor) နွားအမျိုးအစား နွားမလေးကိုပေးအပ်ခဲ့ရပါတယ်... Diana ဟာ ၇၇ စင်တီမီတာ (၃၀ လက်မ) သာ အမြင့်ရှိပါတယ်... Vechur နွားတွေဟာ အမြင့် ၃၁ လက်မကနေ ၃၅ လက်မပဲရှိတတ်ကြပါတယ်... ပုံသေးကတော့ ၁၆ နှစ်သား Vechur အမျိုးအစားနွားတစ်ကောင်နဲ့ ၆ နှစ်သား သာမန်နွားတစ်ကောင်ကိုယှဉ်ပြထားတာဖြစ်ပါတယ်...
နှိုင်းရင့်နွေ
ဘာလဲဟ................
ချစ်သူ
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခုကိုယ်ပို့လိုက်တဲ. စာကလေးကိုရရင် အမွေးနှုတ်ပြီးကြော်စားလိုက်ပါနော်…
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး…
မင်းနဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညှင်းဆန်တွေဈေးကြီးတာ မင်းအသိပါ….
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းကရေငုတ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့
အချစ်ရယ်…..
ကိုယ်တစ်ရောက်တည်း လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ အခုဆိုခြောက်လောက်ရောပေါ့….
မင်းအချစ်ကိုသာမရရင် မထူးတော့တဲ့ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ…
ကိုယ်ဒီလို အရဲစွန်.ပြီးစာရေးတာကို စိတ်မဆိုးပါနဲ့ နော်……
ငပိစားပြီး အသိတရားမရှိဘူးလို့ မပြောလိုက် ပါနဲ့ကွာ……
ဂေါ်ဖီစားပြီး တော်ကီပွားနေတယ်လို့လဲ မပြောလိုက်ပါနဲ...
ရုတ်တည်နဲ့ မုန့်တီထိုင်စားနေတာလို့လဲ မထင်လိုက်ပါနဲ့….
အရှက်မရှိ သရက်စေ့လဲ မဟုတ်ပါဘူးနော်…
ကိုယ်ဟာ ရုတ်ကလာပ်က စုတ်ပြတ်…
ရူပါက ချူချာ….
သောက်ရုပ်က မျောက်ကုတ်….
ပုံစံက ဒုံပျံ နေပေမယ့်…..
အသည်းနှလုံးကတော့ အရမ်းချစ်တတ်ပါတယ်…..
ကိုယ့်ရဲ့စာကို မင်းမိဘတွေတွေ့လို့ တော်တော်ဆူနေလား?
ဆူရင် မီးဖိုပေါ်က ချပြီး လက်ဖက်ခြောက်ခတ်လိုက်နော်…..
မင်းလေးကိုယ့် ဆီစာပြန် ပါဦးနော်…
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို ကိုယ် လေသေနတ်နဲ့
အသင့် ဆောင့်နေမယ် ….အဲလေမှားလို့ အသင့်စောင့်နေမယ်….
ချစ်တဲ.ကိုယ်
ပါးစပ်မှ အကောင်ပေါက်သော ဖား
ပါးစပ်မှ အကောင်ပေါက်သော ဖား
Monday, 08 April 2013
Gastric-Brooding အမည်ရတဲ့ ဖားမျိုး ဖြစ်ပါတယ်။ ဥကို ဝမ်းမှာ သိုလှောင်ပေမယ့် အကောင်ကျ ပါးစပ်ကနေ ပေါက်ပါတယ်။
သြစတေးလျနိုင်ငံအရှေ့ ပိုင်း Queenland ဒေသမှ တွေ့ရှိရတဲ့ ဖား တစ်မျိုး ဖြစ်ပြီး ၁၉၇၀ ခုနှစ်ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပေ မယ့် နှစ်လေးဆယ်ကျော်မှ ပြန်လည် လူသိများခဲ့တာ ဖြစ်ပါတယ်။
တကယ်ပဲ အကောင်ပေါက်ဖို့အတွက် ပါးစပ်ကိုအသုံးပြုပြီး မွေးဖွား
ပါတယ်။
စိုစွတ်တဲ့ ကုန်းမြင့်ဒေသတွေမှာသာ ရှင်သန်ပေါက်ဖွားတဲ့ Gastic-Brooding ဖားမျိုးများဟာ ကမ္ဘာ့ရှားပါး ဖားမျိုးဖြစ်ကြောင်း သိရပါတယ်။
--
Ref: myscienceacademy
International news for myanmar
ကဲ....ရေများများသောက်နော်.............(ရေသောက်ခြင်းက ဝိတ်ကျစေ)
ရေသောက်ခြင်းက ဝိတ်ကျစေ
Monday, 08 April 2013
တော်တော်များများ သိပြီးသား ဖြစ်မယ်ထင် ပါတယ်။ ရေသောက်ခြင်းက တကယ် ဝိတ်ကျစေပါတယ်။
ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေ ကို လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အဆီဖြစ်နိုင်ချေရှိမယ့် အဟာရဓာတ်များကို ဖျက်ဆီးပြီး ကျန်းမာစေပါတယ်။ ရေက သဘာဝ အဆိပ်ဖြေဆေး တစ်မျိုးလိုပါပဲ။ တစ်နေ့တာ မိမိစားသုံး သမျှ အစားအစာထဲက မလိုအပ်တဲ့ အဆီ၊အဆိပ်များ ကို ရေသောက်ခြင်းဖြင့် ဖယ်ရှားပေးပါတယ်။
ယင်းဖယ်ရှားလိုက်တဲ့ အဆိပ်နဲ့ အညစ်အကြေးကို ဆီးအဖြစ် ဆီး လမ်းကြောင်းမှ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ရေကို လိုအပ်သလို သင့်တင့်မျှတစွာ ပုံမှန် သောက်သုံးခြင်းဖြင့် အဆီ မတက်စေပဲ ဝိတ်ကျရန် များစွာ အထောက်အကူ ပြုနိုင်ကြောင်း သိရပါတယ်။
--
Ref: medic-fcats
International news for myanmar
iPhone ipad ရှိယုံနဲ့ DJ ပွတ်ချင်တဲ့ သူငယ်ချင်းတွေအတွက်
Djay for iPhone iPad v1.6.4 (30MB)
=====================
သင်္ကြန်ကျတော့မယ်ဆိုတော့ DJ ပွတ်ချင်တဲ့သူငယ်ချင်းတွေအတွက်
စက်ဝယ်စရာမလို iPhone iPad ရှိယုံနဲ့ Sound Box တွဲပြီး ပွတ်နိုင်ပါပီ
iTunes Store မှာ နာမည်ကြီး လူကြိုက်များပြီး ထိပ်တန်း စ၇င်းဝင် $4.99 ဒေါ်လာတန်တဲ့ application လေးဖြစ်ပါတယ်
https://itunes.apple.com/us/
မှာလေ့လာပြီးကြိုက်ရင်အောက်ကလိပ
အမျိုးကောင်းသား
http://www.amyokaungtarr.com/
Battery Doctor ဆိုတဲ့ Android Application လေးကိုမြန်မာမှုပြုထားတာပါ...
Battery Doctor Advanced (Myanmar Mode) Apk (2.48 Mb)
============================
Battery Doctor ဆိုတဲ့ Android Application လေးကိုမြန်မာမှုပြုထားတာပါ...
အချိန်တော်တော်များများအသုံးပြုပြီး ပြင်ဆင်ထားပါတယ်..။
►ဘထ္ထရီအားအကုန်မြန်နေသူများ၊
►ဖုန်းအသစ်ဖြစ်ပေမယ့်လဲ အားအကုန်မြန်သူများ၊
►အားသွင်းတဲ့အလေ့အထကိုမှားနေသူမ
►လက်ရှိအားနဲ.အချိန်ဘယ်လောက်အထိ
►လက်ကျန်အားလေးကို အချိန်တစ်ခုအထိစွဲဆန်.လိုသူများ
စတဲ့ Battery နဲ.ပါတ်သတ်တာမှန်သမျှကိုဆရာဝန်တ
တစ်ခုခြင်းစီမြန်မာလို စီလျော်အောင်ဘာသာပြန်ထားပါတယ်..
သူငယ်ချင်းအားလုံးလဲစိတ်ချလက်ချ
Myanmar Mobile Users Group မှ ကိုNyimin Latt
ကမြန်မာမှုပြုထားတာပါ မျှဝေခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
အမျိုးကောင်းသား
http://www.amyokaungtarr.com/
အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
**********************
ကန်စွန်းရွက်အသုံးပြုလိုက်တာပါ မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။ ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။
အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။ ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက် လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။
ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။
ကျန်းမာရေး မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ
သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ
----------------------------------------------------------------
----------------------------------------------------------------
သွားကိုက်တယ်ဆိုတာ
သွားနဲ့မေးရိုးတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာခံစားရတာပါပဲ...
သွားကိုက်ရတဲ့အကြောင်းရင်းကတော့ အများကြီးရှိပါတယ်... သွားအခေါင်းပေါက်တွေ၊
ကျိုးနေတဲ့သွားတွေ၊ ပိုးစားထားတဲ့သွားတွေ၊ သွားအရင်းထဲကနာတာတွေနဲ့
သွားဖုံးရောဂါစတာတွေတို့ကြောင့်ဖြစ်ပါတယ်...
ပထမနည်းလမ်းကတော့ လက်မနဲ့လက်ညိုးကြားကနေရာကို ရေခဲတုံးနဲ့ ၅ မိနစ်ကနေ ၇ မိနစ်လောက်ပွတ်ပေးပါတဲ့... အဲ့ဒါဆိုရင် အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေတယ်လို့သိရပါတယ်...
နောက်တစ်နည်းကတော့ ကြက်သွန်ဖြူတစ်မြွှာကို ဆားနည်းနည်းဖြူးပြီး ကိုက်နေတဲ့သွားမှာကပ်ထားလိုက်ရင် သွားကိုက်ပျောက်စေတယ်လို့လည်းသိရပါတယ်... ဒါမှမဟုတ်ရင်လည်း ကြက်သွန်ဖြူတစ်မြွာကို နေ့စဉ်ဝါးစားခြင်းဖြင့် သွားကိုက်ခြင်းမှကင်းဝေးစေတယ်လို့လည်း ဆိုထားပါတယ်...
သွားကိုက်ဝေဒနာက လက်ငင်းသက်သာပျောက်ကင်းစေတဲ့ ကောင်းမွန်တဲ့အိမ်တွင်းကုထုံး နောက်တစ်မျိုးကတော့ ကိုက်နေတဲ့သွားအပေါ်ကို vanilla အရည် နှစ်စက်သုံးစက်လောက်ချပေးခြင်းပဲဖြစ်ပါတယ်...
နောက်ထပ်တစ်နည်းကတော့ ပရုတ်ဆီပါးပါးကို သွားကိုက်တဲ့ဘက်ကမျက်နှာပြင်ပေါ် လိမ်းပြီး တစ်သျှူးစက္ကူနဲ့အပေါ်ကဖုံးအုပ်ကာ အိပ်ယာပေါ်လဲလျောင်းနေရပါမယ်... ပရုတ်ကအပူကို အရေပြားကစုပ်ယူသွားပြီး သွားကိုက်တာက သက်သာလာပါလိမ့်မယ်...
နောက်ဆုံးတစ်နည်းကတော့ အာလူးကိုတစ်စိပ်လောက်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားပေါ် ၁၅ မိနစ်လောက်ထားထားလိုက်ရင်လည်း သွားကိုက်ပျောက်စေတယ်လို့သိရပါတယ်...
----------------------------------------------------------------
Ref: The Unknown; but not hidden.

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ
ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ
----------------------------------------------------------------
----------------------------------------------------------------
၁) ကြက်ဥတစ်လုံးကျကွဲပြီး
ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေတယ်ဆိုရင် ဖိတ်ကျနေတဲ့
ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ....
နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့
ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....
၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...
၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....
၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအလွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...
၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...
၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...
၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲစိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်ဥက ပေါလောပေါ်နေပါလိမ့်မယ်...
၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....
၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...
၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....
၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...
၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...
၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...
----------------------------------------------------------------
Ref: Awesome Facts

သင့်မှာ ဘယ်လို အလှတရား ပိုင်ဆိုင်သလဲ
သင့်မှာ ဘယ်လို အလှတရား ပိုင်ဆိုင်သလဲ
သင့်အနေနဲ့ ဘယ်လို အလှတရားကို ပိုင်ဆိုင်သလဲဆိုတာ သိစေဖို့ အောက်ပါတို့ကို ဖြေကြည့်ပါ။
(၁) သင့်ဆံပင်ကို ဘယ်လို ပြုပြင်လေ့ ရှိသလဲ။
(a) ခေါင်းလျှော်တယ်၊ ကွန်ဒီရှင်နာ သုံးတယ်၊ ပြီးရင် ကြည့်ကောင်းအောင် ပုံသွင်းတယ်၊ မကြာခဏ ဆံပင်ကို ပေါင်းတင်တယ်။
(b) ဆံပင် အလှပြင်ပစ္စည်းနဲ့ ဆံပင် ပုံသွင်းပစ္စည်းတွေကို သုံးရတာ သဘောကျပါတယ်။
(c) ခေါင်းလျှော်တယ်၊ ကွန်ဒီရှင်နာ သုံးတယ်၊ ဆံပင်ကောက်တံနဲ့ လိပ်တယ်။
(d) ခေါင်းလျှော်ပြီး အပြင်ထွက်သွားလိုက်တာပဲ။ ဆံပင်တွေ မရှုပ်ရင် ပြီးတာပဲ။
(e) တစ်ကိုယ်လုံးပါ ရနံ့သင်းပျံ့စေမယ့် ဆံပင်လိမ်း ပစ္စည်းတွေကို သုံးတယ်။
(၂) သင်ဟာ မိတ်ကပ်လိမ်းပြီး အောက်ပါ အလှကုန်တွေ သုံးလေ့ရှိပါတယ်။
(a) အနီရောင် နှုတ်ခမ်းနီနဲ့ အမည်းရောင် မက်စ်ကာရာပဲ ဆိုးတယ်။
(b) ကိုယ့်ကိုယ်ကိုယ် သေချာလှအောင် မပြင်ဆင်ဘဲ ဘယ်တော့မှ အပြင်မသွားဘူး။
(c) ပန်းရောင်သန်းစေမယ့် မိတ်ကပ်တွေ သုံးပြီး ပြင်တယ်။ မျက်တောင်ကော့တံနဲ့ မကော့ဘဲ အပြင်မထွက်ဘူး။
(d) ထူးထူးခြားခြား ဘာမှ မလိမ်းဘူး။
(e) အသားအရေ ထိန်းသိမ်းမှု ကောင်းကောင်းလုပ်တယ်၊ အရည်အသွေးကောင်းတဲ့ မိတ်ကပ်လိမ်းတယ်။
(၃) အလုပ်/ ကျောင်းသွားတိုင်း မိနစ် ၃၀ အမြဲ နောက်ကျတယ်။ ဘာကြောင့်လဲ။
(a) အလှပြင်နေရလို့ပါ။ ပြီးတော့ အလုပ်သွားတဲ့ လမ်းတစ်လျှောက် ကားပေါ်မှာ ဆံပင်တွေကိုလည်း ပြင်ဖြစ်ပါတယ်။
(b) အဝတ်အစား ရွေးတာ၊ မီးပူတိုက်တာတို့ လုပ်နေလို့ပါ။
(c) ဆံပင်ကို ပြင်တယ်၊ နှုတ်ခမ်းကို ပန်းရောင်သမ်းအောင် ဆိုးရတယ်၊ ချစ်စရာကောင်းတဲ့ပုံ ဖြစ်အောင် ဝတ်တယ်။
(d) အိပ်ရာထရမှာ ပျင်းနေလို့ နောက်ကျတာ၊ ဘာမှ ပြင်ဆင်နေတာ မဟုတ်ဘူး။
(e) ချစ်စရာကောင်းတဲ့ ဦးထုပ်၊ အဝတ်အစားနဲ့ လိုက်မယ့် လက်ဝတ်လက်စား နေကာမျက်မှန် ဒါတွေ ရွေးနေရလို့ပါ။
(၄) သင်သဘောကျတဲ့ အမျိုးသားတွေရဲ့ ပုံစံက-
(a) ပညာတတ်ရမယ်၊ စမတ်ကျရမယ်၊ မိသားစုမျိုးရိုး ကောင်းရမယ်။
(b) ဂရုစိုက်တတ်ရတယ်၊ ကြင်နာတတ်ရမယ်၊ အားကိုးချင်စရာ ကောင်းရမယ်။
(c) သူလို ကိုယ်လို မထူးခြားတဲ့သူ၊ ဒါပေမဲ့ အလိုလိုက်ဖို့တော့ လိုပါတယ်။
(d) အပြုအမူကောင်းပြီး ရှေးဆန်တဲ့ လူကြီးလူကောင်းပုံစံ။
(e) ပျော်တတ်ရမယ်၊ ပေါ့ပေါ့ပါးပါး နေတတ်ရမယ်၊ ခင်မင်တတ်ရမယ်။
(၅) သင့်ခန္ဓာကိုယ်ပုံစံက -
(a) အနေတော်ပဲ။
(b) လုံးကြီးပေါက်လှ။
(c) သွယ်လျတယ်။
(d) မိန်းမဆန်ဆန် အချိုးအစား လှတယ်။
(e) ကြံ့ခိုင် သန်စွမ်းတဲ့ပုံ။
(၆) သူငယ်ချင်းနဲ့ ထမင်း အတူစားဖို့ သွားရင် ဘာဝတ်သွားတတ်သလဲ။
(a) ဂျင်းဘောင်းဘီ။ လိုက်ဖက်တဲ့ ဖိနပ်အမြင့် စီးပြီး ပဝါဆောင်တယ်။
(b) စတိုင်ဘောင်းဘီ။ ဒေါက်ဖိနပ်။
(c) ဂါဝန်နဲ့ ကြိုးသိုင်းဖိနပ်။
(d) စကတ်ရှည်နဲ့ ဘလောက်စ်အင်္ကျီ လှလှ။
(e) ဂျင်းဘောင်းဘီ၊ ချစ်စရာကောင်းတဲ့ တီရှပ်။
သင်ရွေးချယ်ထားသော အဖြေမှန် များထဲတွင်-
(a) များပါက “သင်ဟာ အဆင့်အတန်းရှိတဲ့ အလှပိုင်ရှင်” ပါ။ ဘယ်လောက်ပဲ အသက်ကြီးသွားပါစေ၊ ကြည့်ကောင်း တင့်တယ်နေမယ့် အလှရှိသူလည်း ဖြစ်ပါတယ်။ ကောင်လေးတွေထက် လူကြီးလူကောင်းတွေ သဘောကျမယ့် ပုံမျိုးပါ။
(b) များပါက “သင်ဟာ မိန်းမဆန်တဲ့ အလှပိုင်ရှင်” ပါ။ အမျိုးသားတွေက အိမ်ထောင်ရှင်မအဖြစ် ရွေးချယ်ချင်တဲ့ ပုံမျိုးလည်း ဖြစ်ပါတယ်။ မိန်းမဆန်တဲ့ ဝတ်စုံတွေနဲ့ လိုက်ဖက်ပြီး ဂျင်းဘောင်းဘီ၊ စတော့ကင်တွေနဲ့ သိပ်မလိုက်ပါဘူး။
(c) များပါက “သင်ဟာ ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ အလှပိုင်ရှင်” ပါ။ ခေတ်မီတဲ့ အဝတ်အစားတွေနဲ့ လိုက်ဖက်ပြီး နုနယ်တဲ့သွင်ပြင် ရှိပါတယ်။ လူငယ်လေးတွေ သဘောကျတဲ့ ပုံစံမျိုးပါ။
(d) များပါက “သင်ဟာ ပင်ကို အလှပိုင်ရှင်” ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး မပြုပြင်ထားရင်လည်း ကိုယ်ပိုင်စတိုင် ရှိနေမယ့်သူ ဖြစ်ပါတယ်။ လူလတ်ပိုင်းတွေ သဘောကျတတ်တဲ့ ပုံမျိုးပါ။
(e) များပါက “သင်ဟာ သဘာဝကျတဲ့ အလှပိုင်ရှင်” ပါ။ အမျိုးသားအများစု သဘောကျတဲ့ အလှပိုင်ရှင်မျိုးလည်း ဖြစ်ပါတယ်။ အိပ်ရာနိုးလို့ ဘာမှ လိမ်းမထားလည်း လှပနေမယ့် ပုံမျိုးပေါ့။
ကြယ်စင်
သက်သတ်လွတ်စားခြင်း၏ အကျိုးကျေးဇူးများ
သက်သတ်လွတ်စားခြင်း၏ အကျိုးကျေးဇူးများအောက်စ်ဖို့ ယူနီဗာစီတီမှ သုတေသန လေ့လာချက်အရ သက်သတ်လွတ် အစာနှင့် ဖိုင်ဘာ ခေါ် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာ (တစ်နေ့လျှင် အမျှင်ဓာတ် ၂၅ ဂရမ်ထက် ပို၍စားလျှင်) တို့က အူမကြီး အိတွဲကျစေတဲ့ ရောဂါ Diverticular Disease ဖြစ်နှုန်းကို နည်းပါး စေနိုင်တယ်လို့ ဆိုပါတယ်။ Diverticular အူမကြီး အိတွဲကျ စေတဲ့ရောဂါ ဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အဖြစ်များလေ့ ရှိတဲ့အစာ အိမ်အူ လမ်းကြောင်း ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ထိုရောဂါ ဖြစ်ပွားပါက ဗိုက်နာဗိုက်အောင့် ဖြစ်ခြင်း၊ လေပွခြင်း၊ ဗိုက်ပွခြင်း၊ ဝမ်းချုပ်ခြင်း နှင့် ဝမ်းပျက် ဝမ်းလျှောခြင်းတို့ ရှိတတ်ပါတယ်။ သုတေသီ များဟာ ကျန်းမာ ရေး အသိ ဗဟုသုတ ရှိသော ဗြိတိန် အရွယ်ရောက် သူပေါင်း ၄၇၀ဝ၀ အား လေ့လာ သုတေသန ပြုရာမှ ရရှိသော စစ်တမ်းများ အပေါ် အခြေခံပြီး တွေ့ရှိရ ခြင်းဖြစ်ပါတယ်။
မေ
သံယောဇဉ် တွယ်သူများ..........တရိစ္ဆာန် အချင်းချင်းတောင်မှပဲနော်
သံယောဇဉ် တွယ်သူများ
တရုတ်နိုင်ငံ တောင်ပိုင်း Zhangzhou မြို့ က လမ်းတစ်နေရာ မှာ ဖြစ်ပါတယ်။
ခွေးမ တစ်ကောင် ကားအတိုက်ခံရလို့ အသက်မရှိတော့ ပါဘူး။ ခွေးအထီးက ဘေး ကနေ
စောင့်ကြတ်ပေးနေပါတယ်။ အတိုက်ခံရတဲ့ ခွေးကို ဘယ်သူမှ လာမသယ်သေးတဲ့အတွက်
ကားနောက်ထပ် ထပ်တိုက်မှာစိုးတဲ့အတွက် လမ်းရှင်းအောင် လမ်းလယ်ခေါင်မှာ
ယာဉ်အန္တရယ် မမူပဲ ၆ နာရီကြာတောင် နေခဲ့ ပါတယ်။
ယင်း ခွေး နှစ်ကောင်ဟာ အရင်က အတူတူ တစ်တွဲတွဲ သွားလာတဲ့ အဖော်ကောင်းများ
ဖြစ်ပြီး အမ တစ်ကောင် ကားအတိုက်ခံရတဲ့ အချိန်မှာတော့ နေရာမှ မရွေ့ နိုင်ပဲ
ခွေးထီးခမျာ စောင့်ကြတ်နေ ခဲ့ ကြောင်း သိရပါတယ်။
-
Ref: heartfell
International news for myanmar

သံယောဇဉ် တွယ်သူများ
တရုတ်နိုင်ငံ တောင်ပိုင်း Zhangzhou မြို့ က လမ်းတစ်နေရာ မှာ ဖြစ်ပါတယ်။
ခွေးမ တစ်ကောင် ကားအတိုက်ခံရလို့ အသက်မရှိတော့ ပါဘူး။ ခွေးအထီးက ဘေး ကနေ စောင့်ကြတ်ပေးနေပါတယ်။ အတိုက်ခံရတဲ့ ခွေးကို ဘယ်သူမှ လာမသယ်သေးတဲ့အတွက် ကားနောက်ထပ် ထပ်တိုက်မှာစိုးတဲ့အတွက် လမ်းရှင်းအောင် လမ်းလယ်ခေါင်မှာ ယာဉ်အန္တရယ် မမူပဲ ၆ နာရီကြာတောင် နေခဲ့ ပါတယ်။
ယင်း ခွေး နှစ်ကောင်ဟာ အရင်က အတူတူ တစ်တွဲတွဲ သွားလာတဲ့ အဖော်ကောင်းများ ဖြစ်ပြီး အမ တစ်ကောင် ကားအတိုက်ခံရတဲ့ အချိန်မှာတော့ နေရာမှ မရွေ့ နိုင်ပဲ ခွေးထီးခမျာ စောင့်ကြတ်နေ ခဲ့ ကြောင်း သိရပါတယ်။

ပျိုမေတို့အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ
ပျိုမေတို့အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ
------------------------------
၁။ ပျိုမေတို့ရဲ့ ချိုင်းသားလေးတွေ လှပ သန့်ရှင်းချောမွေ့စေဖို့ လျှို့ဝှက်ချက်
ကတော့ ပျားရည်ပဲ ဖြစ်ပါတယ်။ ချိုင်းအောက်အရေပြားကို ပျားရည်
(သို့မဟုတ်) ပျားရည်နဲ့ သံပုရာသီးရောပြီး တစ်လ တစ်ကြိမ်လောက် ပုံမှန်
လိမ်းပေးသင့်ပါတယ်။ သံပုရာသီးကတော့ ချိုင်းအောက် အရေပြား
မည်းနေသူတွေ အတွက် အသင့်တော်ဆုံးပါပဲ။ နေ့စဉ်နေ့တိုင်းရေချိုး
ခါနီးတိုင်း သံပုရာသီးနဲ့ ချိုင်းအောက်က မည်းတဲ့နေရာတွေကို ညင်ညင်
သာသာ ပွတ်တိုတ်ပေးသင့်ပါတယ်။
၂။ ဦးရေပြားက အဆီခန်းခြောက်လို့ ဆံပင်တွေခြောက်ပြီး
ပွယောင်းယောင်း ဖြစ်နေသူတွေ အတွက် ပျားရည်နဲ့ နွားနို့ဟာ အကောင်း
ဆုံး ဗီတာမင်ပါပဲ။ နွားနို့ဖန်ခွက်နဲ့ တစ်ဝက်ခန့်ကို ပျားရည် လက်ဖက်ရည်
ဇွန်းတစ်ဇွန်းနဲ့ ရောစပ်ပြီး ဆံနွယ်ဆံသားတွေကို နှံ့စပ်အောင် ပွတ်လိမ်း
ရပါမယ်။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်
ရည် ပျော့ပျော့လေးနဲ့ လျှော်ပြီးချိန်မှာတော့ ဆံနွယ်ဆံသားလေးတွေ
သိသိသာသာ ပျော့ပျောင်းနူးညံ့လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၃။ သင့်မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်က အသားအရေ နူးညံ့ချောမွေ့စေဖို့
ပျားရည်က အကောင်းဆုံး အဖော်မွန်ပါပဲ။ ငှက်ပျောသီး မှည့်မှည့်တစ်လုံးနဲ့
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သမအောင် ရောမွှေပြီး မျက်နှာနဲ့
လည်ပင်းကို ခပ်ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာ
သစ်ဆေး ခပ်ပျော့ပျော့နဲ့ ဆေးကြောလိုက်ချိန်မှာတော့ သင့်ရဲ့ အသား
အရေဟာ မွေးကင်းစ ကလေးငယ်တွေလို နူးညံ့ချောမွေ့ သွား မှာ သေချာ
ပါတယ်။ မနက်အိပ်ရာထချိန်မှာလည်း ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း
တစ်ဝက်လောက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာ
ရင် ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောသန့်စင်လို့လည်း ရပါသေးတယ်။ မနက်
အိပ်ရာထချိန်မှာလည်း ပျားရည်နဲ့ မျက်နှာ သစ်ခြင်း အားဖြင့် နူးညံ့ချောမွတ်
တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
"ကိုယ်စိတ်နှလုံးချမ်းသာပြီး ကျန်းမာပျော်ရွင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။"
ref :သုတဘဏ်(KI)
Sunday, 7 April 2013
လူဝင်စား ထူးခြားဖြစ်စဉ် (ဘ၀ဟောင်းက ချစ်သူနှစ်ဦး မဆုံဖြစ်ပဲ အဆိပ်စားသေဆုံးခဲ့ပြီး ယခုဘ၀(၃)နှစ်သား အရွယ်တွင် တရားဝင်လက်ထပ်ရန် စီစဉ်

ပေါက်တောမြို့နယ် ၊ ကြိမ်ခွေမော်ကျေးရွာ အံ့ဖွယ်လူဝင်စားထူးခြားဖြစ်စဉ်
ပေါက်တောမြို့တွင် လွန်ခဲ့သော (၄)နှစ်ခန့်က ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာမှ ချစ်သူနှစ်ဦး
(ထိုချစ်သူနှစ်ဦး၏မိဘအမည်နှင့်က
သေဆုံးပြီးနောက် ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာနှင့် (၂)မိုင်ခန့်ဝေးသော ကြိမ်ခွေမော်ကျေးရွာနေ ဦးမောင်ညွန့်တင် နှင့် ဒေါ်သန်းသန်းယဉ်တို့ထံတွင် ယောင်္ကျားဖြစ်သူက၀င်စားပြီး ၊ တစ်ရွာတည်းနေ ဦးဦးသန်းမောင် ဇနီး ဒေါ်ခင်ခင်သန်း တို့ထံတွင် မိန်းခလေးဖြစ်သူဝင်စားကာ ယခုအချိန် (၃)နှစ်အရွယ်ကလေးအဖြစ် ကျန်းမာစွာရှင်သန်လျက်ရှိပါသည်။
ယခုဘ၀အမည်များမှာ မောင်ဖြူသန်းလင်း နှင့် မပုပုသန်း တို့ဖြစ်ကြသည်။
သူတို့နှစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် လူကြီးဆန်ကြပြီး တစ်ဦးနှင့်တစ်ဦးချိန်းတွေ့ခြင်း
ချိန်းတွေ့သည်ဆိုရာတွင် ကလေးမပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ယောင်္ကျားကလေးအိမ်ကိုရောက်နေတတ်ြ
ယောင်္ကျားကလေးပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ကောင်းမလေးအိမ်ကိုရောက်နေတတ်ခြင
တတ်အရွယ်(ယခု ၃ နှစ်အရွယ်) သို့ရောက်သောအခါ ယခုဘ၀မိဘများကို ကိုယ်စီကိုယ်စီဘ၀ဟောင်းအကြောင်း
ကြောင်း ၊ လက်ထပ်မပေးပါက ယခငဘ၀ကကဲ့သို့ အဆုံးသတ်သေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
တောင်းဆိုသဖြင့် အထက်ဖေါ်ပြပါဖိတ်စာအစီအစဉ်များအတ
လာရောက်ကြည့်ရှုလက်ဖွဲ့ပေးကြရန် တိုက်တွန်းပါသည်။
Sein Down
Thursday, 4 April 2013
ရွှေငါးရဲ့မှတ်ဥာဏ်
ရွှေငါးရဲ့မှတ်ဥာဏ်
----------------------------------------------------------------
----------------------------------------------------------------
ရွှေငါးတစ်ကောင်ရဲ့ မှတ်ဥာဏ်ဟာ စက္ကန့်အနည်းငယ်လောက်ပဲ သက်တမ်းရှိတယ်ဆိုတဲ့ စကားကိုလည်း ဗဟုသုတအနေနဲ့ မကြာခဏပြောဆိုတတ်ကြပါတယ်...
တကယ်တော့ ရွှေငါးတွေရဲ့ မှတ်ဥာဏ်သက်တမ်းဟာ လူတွေယုံကြည်ထားတာထက် အများကြီး ရှည်ကြာပါတယ်...
သူတို့ရဲ့မှတ်ဥာဏ်ဟာ လအနည်းငယ်ကာလကြာတဲ့အထိ မှတ်သားနိုင်စွမ်းရှိကြပါတယ်...

Ref: tinybytes.me
Ref: tinybytes.me
ကမ္ဘာ့အကြီးဆုံးရေခူ
ကမ္ဘာ့အကြီးဆုံးရေခူ
----------------------------------------------------------------
---------------------------------------------------------------
ကမ္ဘာ့အကြီးဆုံးရေခူမျိုးတွေကို Nomura's Jellyfish လို့ခေါ်ပါတယ်... ဒီရေခူမျိုးတွေကိုစတင်တွေ့ရှိလေ့လာခဲ့တဲ့ Mr. Kah'ichi Nomura ကို ဂုဏ်ပြုပြီး ဒီနာမည်ပေးခဲ့တာဖြစ်ပါတယ်...
အရွယ်ရောက်ပြီး ရေခူတစ်ကောင်ဟာ သာမန်လူတစ်ယောက်ထက်ပိုမြင့်ပါတယ်.... ဒီရေခူတွေဟာ အချင်း ၂ မီတာ (၆.၆ ပေ) နဲ့ အလေးချိန် ၂၀၀ ကီလိုဂရမ် (၄၄၀ ပေါင်) အထိ ကြီးထွားနိုင်ကြပါတယ်...
ဒီရေခူကြီးတွေကို တရုတ်နဲ့ ဂျပန်ကြားက ရေပြင်တွေမှာတွေ့ရပြီး ပင်လယ်ဝါနဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ အခြေပြုနေထိုင်ကြပါတယ်...
၂၀၀၉ ခုနှစ်အတွင်းက Diasan Shinsho-maru လို့အမည်ရတဲ့ ၁၀ တန် ငါးဖမ်းသင်္ဘောဟာ Nomura's Jellyfish တစ်ဒါဇင်လောက်မိနေတဲ့ငါးဖမ်းပိုက်ကိုဆွဲဖို့ကြိုးစားရင်း တိမ်းမှောက်ခဲ့ရဖူးပါတယ်... ငါးဖမ်းသမားသင်္ဘောသားသုံးယောက်ကိုတော့ တခြားငါးဖမ်းသင်္ဘောတွေက ကယ်တင်ခဲ့ရတယ်လို့သိရပါတယ်...

နှိုင်းရင့်နွေ -
----------------------------------------------------------------
Ref: wikipedia.org
Ref: wikipedia.org
တစ်ချိန်က ရှင်မွေးလွန်း
တစ်ချိန်က ရှင်မွေးလွန်း
----------------------------------------------------------------
အမျိုးသမီးတစ်ဦးထဲကနေ ကလေး အများဆုံး ဘယ်နှစ်ယောက်မွေးနိုင်မယ်လို့သင်ထင်ပါသလဲ... ၉ ယောက် ၁၀ ယောက် ဒါမှမဟုတ် အလွန်ဆုံး ၁၄ ယောက် ၁၅ ယောက်လောက်ရှိမယ်လို့ထင်မိမှာပါပဲ... ဒါဆိုရင်တောင် အတော်မွေးနိုင်တယ်လို့ဆိုကြမှာပါပဲ...
ဒါပေမဲ့ သမိုင်းမှာ အမွေးနိုင်ဆုံးစံချိန်တင်ထားတဲ့အမျိုးသမီးကတော့ ရုရှားနိုင်ငံ Shuya မြို့က Feodor Vassilyev (၁၇၀၇-၁၇၈၂) ဆိုတဲ့ တောင်သူလယ်သမားတစ်ယောက်ရဲ့ ပထမဇနီးဖြစ်ပါတယ်... သူမတစ်ဦးထဲကနေမွေးဖွားခဲ့တဲ့ ကလေးအရေအတွက်ကတော့ ၆၉ ယောက်ဖြစ်ပါတယ်...
သူမဟာ ၁၇၂၅ ခုနှစ်ကနေ ၁၇၆၅ ခုနှစ်အတွင်းမှာ နှစ်မွှာပူးကလေး ၁၆ ကြိမ်၊ သုံးမွှာပူးကလေး ၇ ကြိမ်နဲ့ ၄ မွှာပူးကလေး ၄ ကြိမ်မွေးဖွားခဲ့ပါတယ်... စုစုပေါင်း ၂၇ ကြိမ်မွေးဖွားပြီး ကလေးအယောက် ၆၉ ယောက်မွေးခဲ့ရာမှာ ၆၇ ယောက် အသက်ရှင်ခဲ့ပါတယ်...
သူမဟာ Feodor Vassilyev ရဲ့ ပထမဇနီးလို့ဆိုထားတဲ့အတွက် ဒီလယ်သမားဟာ ဒီလောက်ကလေးအများကြီးရှိနေလျက်နဲ့ နောက်ထပ်အိမ်ထောင်ပြုသေးတယ်လို့ယူဆရမှာဖြစ်ပါတယ်... ဒီအမျိုးသမီးရဲ့ မွေးဖွားခဲ့တဲ့ ခုနှစ်နဲ့ သေဆုံးခဲ့တဲ့ခုနှစ်ကိုတော့ ဘယ်မှတ်တမ်းမှာမှ ရေးသားထားခြင်းမရှိပါဘူး... အဲ့ဒီခေတ်အခါက ရုရှားနိုင်ငံမှာ လင်ပြိုင်မယားပြိုင်ထားခွင့်လည်း မရှိသေးတဲ့အတွက် ဒီလယ်သမားဟာ တစ်ယောက်ပြီးမှ တစ်ယောက် နောက်ထပ်လက်ထပ်ယူတယ်လို့ယူဆကြပါတယ်...
အံ့သြစရာတစ်ခုက ဒီလို ၆၇ ယောက်သော ကလေးတွေရဲ့ နာမည်ကို ဘယ်လိုများမှတ်သားခေါ်ဝေါ်သလဲ.. ဘယ်လိုများရှာဖွေကျွေးမွေးသလဲဆိုတာပါပဲ... နောက်တစ်ချက်က ဒီကလေးတစ်ယောက်စီကနေ သားသမီး ၂ ယောက်စီပဲရမယ်ဆိုပါစို့ သူတို့သားသမီးတွေကလည်း ၂ ယောက်စီပဲရမယ် ပြီးတော့ မျိုးဆက်တစ်ခုနဲ့တစ်ခုအကြား ၂၅ နှစ်စီခြားထားမယ်ဆိုရင် အခုအချိန်မှာ အဲ့ဒီလင်မယားရဲ့ သားမြေးမြစ်တွေဟာ အယောက် ၇ သောင်းလောက်ရှိနေမှာဖြစ်ပါတယ်...

ဒီအမျိုးသမီးအကြောင်း ဆက်လက်ဖတ်ရှုချင်တယ်ဆိုရင်..
http://www.todayifoundout.com/index.php/2010/01/the-record-for-the-most-babies-born-to-one-woman-is-69/
http://en.wikipedia.org/wiki/Feodor_Vassilyev
မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း
မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း
Thursday, 4 April 2013
၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။
၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်
၃။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း သည်းသည်းလှုပ်ချစ်သွားတတ်သ
လို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့
၎။ကျွန်တော်တို့ယောက်ျားတွေ "ငါ မင်းအပေါ်နားမလည်နိုင်တော့ဘူးကွာ" လို့ပြောရင် အဓိပ္ပါယ်က ရှင်းရှင်းလေးပါ " စိတ်ကုန်နေပါပြီ "
၅။ကျွန်တော်တို့ယောက်ျားတွေ "စားပြီးပြီလား" တို့ "ဘာလုပ်နေလဲ" တို့
ဖုန်းထဲချက်ထဲမှာမေးရင်တော့ သိသင့်ပါပြီ i'm so boring ပွစိပွစိ with u .
၆။ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်
ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်
တန်ဖိုးထားချစ်ရတဲ့ သူကလေးအကြောင်းပါပဲ
၇။ကျွန်တော်တို့ယောက်ျားတွေ တစ်ကယ်ချစ်မိပြီဆိုရင် ရိုင်းတယ်မထင်ပါနဲ့ .... မိန်းမရွှင်ဆိုလည်း ဝိုင်းစုခိုင်သိန်း(အပြစ်မမြင်)ပါပဲ
၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ
၉။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့အကြည့်တစ်ချက်မှာ အသက်မထွက်ပေမယ့် ဘဝတော့ပျက်နိုင်ပါတယ်
၁၀။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ရည်းစားဟောင်းအကြောင်းတော့
လာမပြောနဲ့ လဒမီးမြိုက်ထားသလို ရုပ်နဲ့ ဖြစ်ညစ်ပြုံးပြ နားထောင်ပေးမှာပါ
၁၁။ကျွန်တော်တို့ယောက်ျားတွေ ပြောစရာစကားတွေ အများကြီးရှိတာဗျ ခင်ဗျားတို့ရှေ့ရောက်ရင် ပါစပ်ကမထွက်လို့ ရဲဆေးတင်သောက်တာ အရက်
သမားမထင်နဲ့
၁၂။ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်
၁၃။ကျွန်တော်တို့ယောက်ျားတွေ သတ်သတ်လွတ်တစ်ယောက်မှ မစားပါဘူး .... အဲဒီတော့ မမြှုဆွယ်တာအကောင်းဆုံးပါ
၁၄။ကျွန်တော်တို့ယောက်ျားတွေ အိမ်မက်မမက်ဘူးဗျ ... မျှော်လင့်တယ်
ဆိုတာ အချော်တကောက်တွေ လုပ်တာ.... ကျုပ်တို့က လိုချင်ရင်ရအောင်
ယူတယ်
၁၅။ကျွန်တော်တို့ယောက်ျားတွေ ပလစ်တာခံလိုက်ရရင် သိပ်မုန်းတာဗျ
.... ပြန်လက်စားချေမှာ အရှုံးကိုလက်မခံနိုင်ဘူးပေါ့ဗျာ .....အဲ မိန်းမ
ကိစ္စတစ်ခုထဲမှာပါ
၁၆။ကျွန်တော်တို့ယောက်ျားတွေ အသည်းနှလုံးကို ထိအောင်ခင်ဗျားတို့
လာကစားမိပြီ ဆိုရင်တော့ ပြန်လမ်းမရှိဘူး သတိထားပါ
၁၇။ကျွန်တော်တို့ယောက်ျားတွေ အသည်းနုတယ်.... မိန်းကလေး
တစ်ယောက်က အရင်စ နမ်းတာ ခံရရင်တော့ Go Crazy ပဲ
၁၈။ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ....ခင်းဗျားတို့ No ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်
၁၉။ကျွန်တော်တို့ယောက်ျားတွေ ဖောရှောကောင်းတယ်.... ဒါပေမယ့်
ခင်ဗျားတို့အကြည့်အောက်မှာ မဟုတ်ဘူး ခွေးအကြီး လှည်းနင်း စကားပုံ
ကြားဖူးမဟုတ်လား
၂၀။ကျွန်တော်တို့ယောက်ျားတွေ ကမိန်းမကိစ္စဆို ကလယ်အူကြောင်ဗျ... စကားကိုမစခင်ကတည်းက ရှင်းအောင်ပြောပါဗျာ
၂၁။ကျွန်တော်တို့ယောက်ျားတွေ မိန်းမလျာဆို ဝေရမဏိ
ဝေးစွာရှောင်ကြဉ်ပါ၏၂၂။ကျွန်တော်တို့ယောက်ျားတွေ အမေကိုတော့
ရှူသွင်းရတဲ့လေထက် တန်ဖိုးထားပါတယ်...... ယောက္ခမ ချွေးမ ပြသနာ အဖြေပဲ
နားလည်ပါတော့
၂၃။ကျွန်တော်တို့ယောက်ျားတွေ
ခင်ဗျားတို့ကိုပေးဖို့နှင်းဆီတစ်ပွင့် ထမင်းတစ်နပ်စာ အသပြာနဲ့ လဲဖို့
သတ္တိရှိပါတယ် (မှတ်ချက် ကျွန်တော်မပါ)
၂၄။ကျွန်တော်တို့ယောက်ျားတွေ အနီးအနားမှာ ရှိသမျှမြင်သမျှ
မိန်းမတွေအကြောင်း အရည်မရ အဖတ်မရ လျှောက်ပြောတတ်တယ်..... အတင်းလို့
သမုတ်လည်းရပါတယ်
၂၅။ကျွန်တော်တို့ယောက်ျားတွေ အကြောင်းနားလည်ဖို့ဆိုတာက တိုင်းရေးပြည်ရေးထက် မင်းရေးကျယ်တယ် ဆိုသလိုပါပဲ
၂၆။ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ယုံပေါ့ဗျာ၂၇။ကျွန်တော်
တို့ယောက်ျားတွေ သောက်တင်းတုတ်ရင်လည်း မိန်းမတွေထက်
ပိုဆိုးဗျာ သတိတော့ထားပေါ့
၂၈။ကျွန်တော်တို့ယောက်ျားတွေ အကြီးဆုံး အားနည်းချက်ကတော့ မိန်းမမြင် မနေနိုင်တာပါပဲ
၂၉။ကျွန်တော်တို့ယောက်ျားတွေ ပွင့်လင်းတယ် ခင်ဗျားတို့လိုမဟုတ်ဘူး
၃၀။ကျွန်တော်တို့ယောက်ျားတွေ စောင့်ကြည့်စမ်းသပ်နိုင်ပါတယ် မယုံနိုင်သေးဘူးဆိုရင်ပေါ့ အဲ သုံးနှစ်သုံးမိုး ဆိုတာတော့ ကြာလွန်းပါတယ်
၃၁။ကျွန်တော်တို့ယောက်ျားတွေ လည်းအသန့်ကြိုက်ပါတယ် အဝတ်အစားတွေမှာ
အစက်အပြောက်ရှိရင်တောင် မကြိုက်ဘူး ......
ယူထားတဲ့မိန်းမကိုလျှော်ခိုင်းမှာ
၃၂။ကျွန်တော်တို့ယောက်ျားတွေ ချစ်မိတဲ့ မိန်းကလေးဆို လေးလေးစားစား ဆက်ဆံတတ်ပါတယ် မလေးမစား ပေါက်တတ်ကရ ဆိုရင်တော့ ....
၃၃။ကျွန်တော်တို့ယောက်ျားတွေ ကို သူငယ်ချင်းကောင်းတစ်ယောက် ချစ်သူကောင်းတစ်ယောက် မနှိုင်းယှဉ်နဲ့ဗျာ မတူဘူး
၃၄။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကို ပြသ
နာပေါင်းသောင်းခြောက်ထောင် လာပြောပြီဆို နားပဲထောင် အကြံပေးစရာမလိုဘူး
၃၅။ကျွန်တော်တို့ယောက်ျားတွေ မထိတထိလေး စနေနောက်နေပြီဆို သတိထား နောက်တစ်ဆင့် အီစီကလီ ထုတော့မယ်
၃၆။ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ
၃၇။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးဆို ကာကွယ်ပေးချင်ကြတာ ဘူးမလို့မဟုတ်ဘူး ခင်ဗျားတို့အားနည်းလို့
၃၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတွေကိစ္စဆို နှုတ်မလုံဘူးဗျ ခင်ဗျားတို့ လှို့ဝှက်အပ်သော တွေဆို မပြောနဲ့ မပြနဲ့
၃၉။ကျွန်တော်တို့ယောက်ျားတွေ အများအားဖြင့် အကြံကြီးတယ် အကြီးကြီးတွေ ကြံတယ်
၄၀။ကျွန်တော်တို့ယောက်ျားတွေ လည်းခင်ဗျားတို့လိုပဲ ကြွားတတ်ပါတယ်
၄၁။ကျွန်တော်တို့ယောက်ျားတွေ ရဲ့ရင်ခုန်သံက အတောမသတ်နိုင်ဘူးဗျ Unlimited ပဲ
၄၂။ကျွန်တော်တို့ယောက်ျားတွေ အတွက်ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူး Weight သာလျော့
Subscribe to:
Posts (Atom)