Saturday, 30 March 2013

နို့ကိုနေ့စဉ်မသောက် သောကောလိပ်ကျောင်း သားများဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါ Metabolic Diseases များရနိုင်

ကောလိပ်ကျောင်းသားလူငယ် များသည်နို့ကို တစ်နေ့သုံးကြိမ် သောက်သုံးသင့်ပြီးမသောက်သုံးသူ များသည်ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါ များဖြစ်ပွားမှုနှုန်းမြင့်တက်နိုင် ကြောင်း အမေရိကန်နိုင်ငံမှပြုလုပ် သောသုတေသနတစ်ရပ်တွင်သတိ ပေးထားသည်။
University of Illirois မှအစားအစာသိပ္ပံနှင့်အာဟာရဗေဒ ပါမောက္ခ Dr.Margarita Garcia က လူလေးဦးတွင် တစ်ဦးနှုန်းသည် နေ့စဉ် နို့သောက်သုံးသည်ကို ယခုလေ့လာမှု တွင်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊သို့သော် အသက်၁၈မှ၂၅နှစ်အတွင်းကောလိပ် ကျောင်းသားလူငယ်များမှာမူနို့ သောက်မှုနည်းပါးပြီးအခြား အချိုရည် များကိုသာမက်မောနေကြကြောင်း၊ အဆိုပါလူငယ်များတွင်ဇီဝဖြစ်ပျက် မှုဆိုင်ရာရောဂါများ(metabolic diseases)ဖြစ်ပွားမှုနှုန်းမြင့်တက် နေကြောင်းထောက်ပြခဲ့သည်။
metabolic diseases များ သည်အ၀လွန်ခြင်း၊သွေးပေါင်ချိန် တက်ခြင်း၊ သွေးအချိုဓာတ်များခြင်း၊ ကိုလက်စတီရောများနေခြင်းတို့ကဲ့ သို့သောအဖြစ်များစေသည့် အချက် များကသက်ရောက်မှုရှိသည်။အဆိုပါ အချက်များကိုနို့တစ်နေ့ကိုသုံးကြိမ် သောက်သုံးခြင်းဖြင့်ကာကွယ်နိုင် ကြောင်း၊နို့သောက်ပေးခြင်းသည် လူငယ်များကို ဇီဝဖြစ်ပျက်မှုပုံမမှန်ခြင်း ၏နောက်ဆက်တွဲဖြစ်သောနှလုံး ရောဂါ၊ဆီးချိုသွေးချိုရောဂါနှင့်သွေး တိုးရောဂါများမှကာကွယ်ပေးနိုင် ကြောင်ီးမ.မြေါမေငအွေမေခငေ ကပြောကြားထားသည်။

သန့်စင်
ref:ANI
Health Updates Journal
Vol.2, No.13

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...