Saturday, 30 March 2013

အချိုရည်များကနှစ်စဉ်လူ ၁၈၀၀၀၀ကျော်ကိုသေဆုံးစေ

သကြားဓာတ်ထည့်သွင်းထား သောအချိုရည်များ၊ဆိုဒါများ၊အား ကစားသမားများသောက်သော အချိုရည်များနှင့်ဂက်စ်ပါသော အချိုရည်များသည် နှစ်စဉ်လူပေါင်း၁၈၀၀၀၀ကျော်သေဆုံးမှုနှင့် ဆက်စပ်နေ ကြောင်းသုတေသနတစ်ရပ်တွင်ဖော် ပြထားသည်။ ယခုလေ့လာမှုကို အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်ခဲ့ပြီးအချိုဓာတ်ပါဝင်သော အားဖြည့်အရည်များကကျန်းမာရေး အပေါ်သက်ရောက်မှု ကို လေ့လာနိုင်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါအချိုရည်မျိုးစုံသည် ကိုယ်အလေးချိန်တက်ခြင်း၊ဆီးချိုသွေး ချိုရောဂါ၊နှလုံးရောဂါနှင့်ကင်ဆာ ရောဂါအချို့နှင့်ဆက်စပ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။သုတေ သနတွင်အချိုရည်များသည်တစ် ကမ္ဘာလုံးမှဆီးချိုသွေးချိုကြောင့်သေဆုံး ရမှုပေါင်း၁၃၃၀၀၀၊နှလုံးရောဂါ ကြောင့်သေဆုံးရမှုပေါင်း၄၄၀၀၀နှင့် ကင်ဆာကြောင့်သေဆုံးရမှု၆၀၀၀ နှင့်ဆက်နွယ်နေကြောင်းသိရှိခဲ့ကြ သည်။
အဆိုပါသေဆုံးမှုများ၏၇၈% သည် အချိုရည်များကိုအလွန်အကျွံ သောက်သုံးမှုနှင့်ဆက်စပ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထက်စာလျှင် ဖွံဖြိုးဆဲနိုင်ငံများတွင်ပိုအဖြစ်များနေသည်။ အချိုရည်သောက်သုံးမှုနှုန်း အများဆုံးတိုင်းပြည်မှာမက္ကဆီကို နိုင်ငံဖြစ်ပြီးအချိုရည်ကြောင့် သေဆုံးရမှုနှုန်း အမြင့်ဆုံးနိုင်ငံလည်းဖြစ် သည်။လူတစ်သန်းတွင်၃၁၈ဦးသည် အချိုရည်နှင့်ဆက်စပ်ရောဂါများ ကြောင့်သေဆုံးနေရသည်ဟုသိရ သည်။ ယင်းတိုင်းပြည်နှင့်ပြောင်းပြန်မှာ ဂျပန်နိုင်ငံဖြစ်ပြီးသေဆုံးမှုနှုန်း မှာလည်းအနည်းဆုံးဖြစ်သည်။လူ တစ်သန်းတွင်၁၀ဦးသာသေ ဆုံးသည်ဟု ဖော်ပြထားသည်။

သက်ကို
Ref:ANI
Health Updates Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...