Saturday, 30 March 2013

Faebook ကို Gtalk လိုပဲ Desktop ပေါ်တင်ချက်ချင်ရင်

ဒါလေးကတော့ အသုံးလိုတဲ့သူ ပြန်သုံးရအောင် တင်ပေးတာ။ သုံးရတာအဆင်ပြေ၏

Gtalk လိုပဲအဆင်ပြေတယ် ချက်တင်ကနေ၀င်ပြီး Facebook စာမျက်နှာသွားလည်းရ

Gtalk လိုပဲ Mail စာအိပ်ပုံလေး နှိပ်ရင် Gmail တန်းရောက်သွားသလိုပဲ ကောင်းတယ်

Remember Password လုပ်ခဲ့ရင် ကွန်ပျုတာဖွင့်တာနဲ့ အော်တိုပွင့်တယ် အသစ်ကြီး

ပြန် ရိုက်ရတာ ပျင်းစရာ..အော်လိုက်တာနဲ့ တန်းပွင့်ရင် ဘီလောက် ကောင်းမလဲ...။

လိုချင်ရင် ဒီလင့်မှာယူ -http://www.facebook.com/Messager Ftalk

ဘလော့ခရီးသည်

Gtalk အရောင် (၈)မျိုး

Gtalk အရောင် (၈)မျိုး

သယ်ရင်းတို့အတွက် Gtalk  Color လေးတွေပါအရောင် (၈)မျိုးနဲ့ သုံးနိုင်အောင်
လုပ်ထားတာပါ ...
 http://www.fusarshinlay.net/forum/topics/gtalk-12
ကတွေ့လိုက်ပြန်ရှယ်လိုက်ပါတယ်

ဒီမှာ  Downloadယူနိုင်ပါတယ်

ဒီမှာ Downloadယူနိုင်ပါတယ်

ဒီမှာ Downloadယူနိုင်ပါတယ်
ဒီမှာ Downloadယူနိုင်ပါတယ်
ဒီမှာ Downloadယူနိုင်ပါတယ်
ဒီမှာ Downloadယူနိုင်ပါတယ်
ဒီမှာ Downloadယူနိုင်ပါတယ်
ဒီမှာ Downloadယူနိုင်ပါတယ်
အောင်ကျော်ခိုင် ပုသိမ်

Temple Run: Oz v1.0.2 Game for Android

http://www.apktablet.com/wp-content/uploads/2012/04/unnamed10.jpg

တကယ်ကိုကစားလို့ကောင်းပြီး နာမည်အရမ်းကြီးနေတဲ့ Game လေးဖြစ်ပါတယ်ဗျာ။ Version 1 မှာက
တော့ ကျွန်တော့်ဆိုဒ်မှာမတင်လိုက်ရပါဘူး အခုတော့ Version အသစ်မှာတော့ တင်ပေးလိုက်ပါတယ်။
နာမည်အရမ်းကြီးနေလို့ဘာတွေကောင်းလည်းဆိုပြီး ကစားကြည့်တာမှာ Game ကစားတာဝါသနာမပါ
တဲ့ ကျွန်တော်တောင် တော်တော်လေးသဘောကျသွားတယ်ဗျာ။ ဇတ်လမ်းသွား နဲ့ ကစားရတဲ့ Game
လေးပါဗျာ။ မကစားဖူးသေးသူများအတွက် အမြည်းသဘောအနေနဲ့ Screen Shoot လေးတွေရိုက်ပြထား
ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေပြေနဲ့ကစားနိုင်ကြပါစေဗျာ။
ကိုကျော်ဆိုဒ်မှာတော့ Version 1 တင်ထားတာတွေ့ပါတယ်။ အခုအသစ်ထွက်တဲ့ Version 2 တော့တင်ထား
တာမတွေ့လို့ တင်ပေးလိုက်ပါတယ်ဗျာ။

http://lh6.ggpht.com/-hZNPpE1-4JY/UUw3-rAbLQI/AAAAAAAAAIQ/0-WF0CaB8m0/s640/Temple-Run-Oz.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNQzpmtSRgQAMWA2UnixcC643WTA3qg8QdiNDo-FPT76ee-zlNAyQHEJg5hct5F0S3NINKC5mIpkezIxW7Nz4oVLxYSYGBSwvBrTgSQ0sKo9QgHm_RyP1DlHFgjDvAdnSC4HAyZ8rlwbk/s1600/Temple+Run+2+-+android+games+-+gamebunkerz+blogspot+com.jpg

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
 
ဝင်ကမ္ဘာကျော်

ဖိလစ်ပိုင်မှာရှိတဲ့ Chocolate hills ဖြစ်ပါတယ်။

<visit-- သုတစွယ်စုံကျမ်း -->
ဖိလစ်ပိုင်မှာရှိတဲ့ Chocolate hills ဖြစ်ပါတယ်။ 

<visit-- @[238019852997308:274:သုတစွယ်စုံကျမ်း] -->

ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ငှက်ပျောသီး ဖြင့် ၀ိတ်ချခြင်း

Photo: ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ငှက်ပျောသီး ဖြင့် ၀ိတ်ချခြင်း

ဒီ plan ဟာ ၀ိတ်ကျတာ မြန်ပေမယ့် (၁) ပတ် (၂) ပတ် ထက်ပိုပြီး စားနိုင်ဖို့ မလွယ်ပါဘူး။ အမြဲအလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒီတော့ ပုံမှန်လေးလည်း စားချင်တာစားမယ်။ ပုံမှန်လေးနဲ့ ဖြည်းဖြည်းချင်းကျမယ့် plan မျိုးကို တောင့်တ ခဲ့ပါတယ်။

၂၀၀၈ ခုနစ်က စပြီး ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ The Morning Banana Diet plan ဟာ စိတ်ဝင်စားလည်းကောင်း၊ကိုယ်တိုင် လက်တွေ့ လိုက်လုပ်ကြည့်တာမှာ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်လို့ အားလုံးကို ကဗျာ ဒီကနေပဲ ပြန်လည်ဝေမျှချင်ပါတယ်။

စိတ်ကြိုတင်ပြင်ဆင်ခြင်း

တကယ်တော့ ၀ိတ်ဆိုတာ ခဏလေးနဲ့ တက်လာတာမဟုတ်သလို ခဏလေးနဲ့ လည်း မကျနိုင်ပါဘူး။ ဒီသဘောတရားကို အရင် နှလုံးသွင်းထားဖို့ လိုပါတယ်။စိတ်ရှည်ရမယ်။ အချိန် ယူပြီး ပုံမှန် လုပ်သွားနိုင်ရမယ်။ diet plan rule ကို နားလည်သဘောပေါက်ပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။

(၁) ငှက်ပျောသီး ကို မနက်စာ အဖြစ် သုံးဆောင်ပါ။

ငှက်ပျောသီး ဟာ အစာခြေခြင်း၊ အစာဖျက်ခြင်း ဖြစ်စဉ်တွေကို ပိုမိုလွယ်ကူစေတဲ့ အပြင် သူ့မှာပါဝင်တဲ့ ကစီမျှင် ဓာတ်ဟာ ရင်ပြည့်တဲ့ စိတ်ကို ဖြစ်စေပါတယ်။ မနက်မိုးလင်း စားထားတဲ့ ငှက်ပျောသီး ဟာ တစ်နေ့တာလုံးမှာစားတဲ့ နေ့လည်စာ နဲ့ ညစာမှာစားတဲ့ ကိုယ်စားတဲ့ အစာ ထဲက carbohydrate စုပ်ယူမှုကိုလည်း တားဆီးပေးထားနိုင်ပါတယ်။ ကဲ ဒီ ပထမ rule ကတော့ မနက်စာ ငှက်ပျောသီး ကို ကိုယ်ရင်ပြည့်တဲ့ အထိ မနက်စာစာပေးဖို့ ပါပဲ။

(၂) တစ်နေ့တာလုံး သာမာန် အပူချိန်ရှိတဲ့ ရေ တစ်မျိုးတည်းကို သာ သောက်ပါ။

ရေ ဟာ လည်း ဗိုက်ဆာမှုကို လျော့ကျစေပြီး စားသမျှကို ခြေဖျက် နိုင်ဖို့ အကူအညီပေးပါတယ်။ ရေခဲရေ မဟုတ်ရပါဘူး၊ ပူခြစ်တောက်နေတဲ့ ရေ ပူလည်း မဟုတ်ရပါဘူး၊ ကိုယ့် အခန်း အပူအချိန်နဲ့ တစ်ထပ်တည်းကျတဲ့ ရိုးရိုးရေ ကိုသောက်ရမှာဖြစ်ပါတယ်။ တချို့ က မနက်စာကို ငှက်ပျောသီးကို နွားနို့ နဲ့ သောက်ပါတယ်။ ဒီဟာ ၀ိတ်ကို ပို တက်စေတဲ့ အသားတိုး အားဆေး ပါ။ ကဗျာတို့ က၀ိတ်ချနေတာဆိုတော့ ဒီဟာ နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။” Dairy products and alcohol are also not allowed on this diet. ” နို့ ထွက် ပစ္စည်းများ ၊ alcohol ပါဝင်သော အရည်များ လုံးဝ သောက်လို့ မရပါဘူး။ လဖက်ရည် ၊ ကော်ဖီ သောက်နေကျ ကို ဖြတ် ဖို့ မလွယ်ကူဘူးဆိုရင် လျှော့သောက်ပါ။ တတ်နိုင်ရင် ရေ ကလွဲပြီး တခြား ဘာမှ မသောက်ရင် ပို ၀ိတ်ကျ မြန်စေပါတယ်။ 

(၃) နေ့ လည်စာ နဲ့ ညစာ ပုံမှန်စားပါ။

ဒီ plan မှာ ကဗျာ အကြိုက်ဆုံးက တော့ နေ့လည် စာ ညစာ ကို ပုံမှန် ကြိုက်တာ စားခွင့်ပေးတာပါပဲ။ စိတ်ပင်ပန်း လူပင်ပန်း သိပ်မခံရတော့ဘူး ပေါ့။ ဒါပေမယ့် ပုံမှန် ဆိုတဲ့ နေရာမှာလည်း တန်ရင် ဆေး လွန်ရင်ဘေး ဆိုတာကို သတိချပ်လို့ အစားပမာဏကို ချင့်ချိန်ပြီး ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အသား၊ငါး၊ အရွက်၊သီးနှံ မျှမျှတတ စားဖို့ တော့ ဂရုစိုက်စေချင်ပါတယ်။

(၄) ညစာ စားချိန် ၈ နာရီထက်နောက်မကျပါစေနဲ့။

ည ၈ နာရီကျော် ရင် ကိုယ်ထဲက အစာချေဖျက်မှု လုပ်ငန်းစဉ် အလုပ်မလုပ်တော့ ပါဘူး။ အဲဒီ အချိန်မှာ စားသမျှဟာ ၀ိတ်တက်စေနိုင်ပါတယ်။ ၈ နာရီမတိုင်ခင်မှာ ကိုယ့်ရဲ့ ညစာကို အချိန်မှန်စားဖို့ ဟာ အလွန်အရေးကြီးသော်လည်း လူတိုင်း သတိမမူ မေ့လျှော့တတ်တဲ့ အလေ့အထ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ပုံမှန်လေး လိုက်နာသွားမယ် အမြဲတမ်း လုပ်သွားနိုင်မယ်ဆိုရင်တော့ ပျိုမေတို့ ကိုယ်မှာ ၀ိတ် တက်ဖို့ အကြောင်း နောက် သိပ်မရှိတော့ပါဘူး။

(၅) ည ၁၂ နာရီ မကျော်ခင် အိပ်ပါ။

အိပ်ချိန် မမှန်ခြင်း၊ အိပ်ချိန်နောက်ကျခြင်း တို့ဟာ ၀ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေထဲမှာပါကြောင်း Scientists တွေက စမ်းသပ်တွေ့ရှိထားပြီးသားပါ။ ဒါပေမယ့်လည်း လူတိုင်းက ဒီအချက်ကို မေ့လျော့ ပေါ့ဆ ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ည ၁၂ မတိုင်ခင် အိပ်ခြင်းဟာ ၀ိတ် ကျခြင်း ကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ပျိုမေတို့ ၀ိတ်ကျဖို့ ည၁၂ နာရီမတိုင်ခင် တတ်နိုင်သလောက် ကြိုးစားပြီး အိပ် ပေးပါ။ 

ဘယ်အတိုင်းအတာထိ ဘယ်အချိန် ထိ ဒီ plan ရဲ့ rule တွေကို လိုက်နာရမလဲ လို့ မေးဖို့ ရှိပါတယ်။ တကယ်တော့ ဒီ plan ဟာ အမြဲတမ်းလုပ်သွားနိုင်လေလေ ၀ိတ်ကို ပုံမှန်ထိန်းသွားနိုင်လေ ဖြစ်တဲ့ plan မျိုးပါ။ တစ်ယောက်နဲ့ တစ်ယောက် အကျိုးသက်ရောက်မှု မတူသော်ငြားလည်း ဒီ diet plan ရဲ့ rule တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ၀ခြင်း ကို ကာကွယ်ပေးလို့ ဂျပန်နိုင်ငံ က ပျိုမေများ နေ့စဉ် လိုက်နာကျင့်သုံးနေတဲ့ plan ဖြစ်ပါတယ်။

စိတ်အားလည်း ထက်သန်တယ်။ စိတ်ကို လည်း ကြိုတင်ပြင်ဆင်မယ်။ Rule တွေ အားလုံးကို လည်း အတတ်နိုင်ဆုံး လိုက်နာမယ်။ ကိုယ့် ၀ိတ်ကို လည်း တစ်ပတ် တစ်ခါ တိုင်းပြီး စောင့်ကြည့်မယ် ဆိုရင် ပျိုမေတို့ ၀ိတ်ကျဖို့ သေချာပါတယ်။

ကဗျာ။

credit to Shwe Beauty

သင့်ဖုန်းဘက်ထရီကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ့် Battery HD Pro v1.26 Apk

Battery HD Pro apk
$2.49
Battery HD Pro v1.26 Apk | 5 MB | Mediafire
Requires Android:2.0 and up
Battery နဲ့ပက်သတ်တဲ့ဆော့ဝဲပေါင်းများစွာထဲက တစ်ခုပါ
မိမိဖုန်းရဲ့ ဘက်ထရီ အားက ဖုန်းပြောရင် ဘယ်လောက်ကြာနိုင်မလဲ?
သီချင်းနားထောင်ရင်ရော ဘယ်နှစ်နာရီလောက်ခံနိုင်အုံးမလဲ
အင်တာနက်သုံးခဲ့ရင်ရော .. စသဖြင့် အချိန်ကို ဖော်ပြပေးနိုင်ပြီး
ဒီဇိုင်းလေးက စွဲဆောင်မှုရှိပါတယ် ပြီးတော့ မိမိဖုန်းရဲ့ဘက်ထရီ
သက်တမ်းလေးကိုကြာရှည်ခံနိုင်အောင်လည်း သူက optimize လုပ်ပေးအုံးမှာ
ဆိုတော့ အတော်လေး ကောင်းမွန်နေပါပြီ...
(ကိုအောင်ကျော်ခိုင် ပုသိမ်)

App Review:

This is the perfect battery monitor for your phone or tablet. It is simple, beautiful and can be calibrated specially for your device.
Instantly know how many hours you have left for:
- Listening to music
- Watching video
- Talking on the phone
- Internet Browsing ( WiFi / Edge / 3G / 4G )
- Standby
- Time left to recharge
- Time to use LED Flashlight
- 2D and 3D Games
- Reading books
- GPS navigation
- Video chat
- Taking photos
- Recording videos
What’s in this version:
  • - NEW Optional 3G test (+ long duration tests)
  • - NEW Graph shows charging in different colors (AC / USB)
  • - Better standby estimates
  • - Small visual enhancements
  • - Fixes glitches on Galaxy Note 2 & Nexus 4
  • - Over a MILLION hours of calibration tests have already been shared ! Yes that’s the equivalent of one device running for 116 years non-stop.
  • THANKS for helping make this app better ! If you like it, please buy the paid version to show your support :-)

ကမ္ဘာအပေါ့ပါးဆုံး အရာဝတ္ထု graphene aerogel

Photo: ကမ္ဘာအပေါ့ပါးဆုံး အရာဝတ္ထု graphene aerogel
============================

၁၉၃၁ ခုနှစ်လောက်ထဲက aerogel လို့ခေါ်တဲ့ ကမ္ဘာအပေါ့ပါးဆုံး အရာဝတ္ထု ဖြစ်လာမယ့် frozen smoke (မီးခိုးခဲ) တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ မနှစ်ကအထိတော့ Aerographite ကို 0.2 milligram မျှအလေးချိန်သာရှိအောင် ဖန်တီးနိုင်ခဲ့ပါတယ်။

အခုချိန်မှာတော့ တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်က သိပ္ပံပညာရှင်များဟာ 0.2 milligram ဆိုတဲ့ စံချိန်ကိုချိုးလိုက်ပြီး 1.16 milligram par cubic centimeter (၁ကုဗစင်တီမီတာမှာ ၁.၁၆ မီလီဂရမ်) ရှိတဲ့ ရေမြုပ်တမျှပေါ့ပါးတဲ့ Freeze-dried carbon (မီးခိုးခဲ) တစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ သူဟာ Hydrogen ထက်နှစ်စမျှသာ ပိုမိုသိပ်သည်းပြီး လေထက် ခြောက်စလောက် ပိုမိုပေါ့ပါးပါတယ်။

Ref: Dvice.com
သုတဘဏ်
(AK)

ZinYawNews

ရန်ကုန်မြို့၏အဝေးပြေးကားဂိတ်များပိတ်ပြီ

ရန်ကုန်မြို့၏အဝေးပြေးကားဂိတ်များပိတ်ပြီ
Saturday,March 30, 2013

ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေသ အပါအ၀င် မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ည
နေ အချိန်အား နောက်ဆုံးထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ်အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်
ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန်သည်များ ထံမှ သိရှိရပါ
သည်။

ယင်းအတွက်ကြောင့် ထိုနေ့ ၂၉ ရက်နေ့မှ စတင်ပြီး အဝေးပြေးကားဂိတ်များ
ကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ ပိတ်ထားရခြင်းကြောင့် နယ်မြို့များတွင် ကုန်စည်ပြတ်လတ်မှုများကို ရင်ဆိုင်လာရပြီး ဈေးနုန်းများ
မြင့်တက်လာနိုင်ခြေရှိကြောင်းလည်းသိရသည်။

နယ်မြို့မှ ကုန်သည်များသည် အဝေးပြေးကားဂိတ်များမှ ကားများကိုသာ အဓိက အားထားနေခဲ့ရသော်လည်း ယခုအခါတွင် ကုန်စည်များ ဆက်လက်
မှာယူနိုင်ခြင်းမရှိသည့်အတွက် အခက်အခဲများဖြစ်လာနိုင်ကြောင်းလည်း နယ်ကုန်သည်တစ်ချို့က ပြောဆိုကြပါသည်။

Myawady News

သိခြင်း

သိခြင်း
တချို့ကိစ္စတွေက မှားဖူးမှ သိတယ်။
တချို့ကိစ္စတွေက ဆုံးရှုံးဖူးမှသိတယ်။
တချို့ကိစ္စတွေက လုပ်ကြည့်မှသိတယ်။
တချို့ကိစ္စတွေက ရင့်ကျက်လာမှသိတယ်။
တချို့ကိစ္စတွေက ပေါင်းဖူးမှသာ သိတယ်။
တချို့ကိစ္စတွေက ကိုယ်ခံရမှ ဒါမှမဟုတ်
ကိုယ်အလှည့်ရောက်မှသိတော့တယ်။
Post by – Ko Phyo
သိခြင်း
တချို့ကိစ္စတွေက မှားဖူးမှ သိတယ်။
တချို့ကိစ္စတွေက ဆုံးရှုံးဖူးမှသိတယ်။
တချို့ကိစ္စတွေက လုပ်ကြည့်မှသိတယ်။
တချို့ကိစ္စတွေက ရင့်ကျက်လာမှသိတယ်။
တချို့ကိစ္စတွေက ပေါင်းဖူးမှသာ သိတယ်။
တချို့ကိစ္စတွေက ကိုယ်ခံရမှ ဒါမှမဟုတ်
ကိုယ်အလှည့်ရောက်မှသိတော့တယ်။
Post by – Ko Phyo

တိုင်းတာရေး ကိရိယာများ

တိုင်းတာရေးကိရိယာများ
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ အသုံးပြုနေကြတဲ့ တိုင်းတာရေးကိရိယာတွေအများကြီးရှိပါတယ်... ဒီအထဲကမှ တစ်ချို့ကို ဗဟုသုတအဖြစ် တင်ဆက်လိုက်ပါတယ်....

၁) Altimeter >>> လေယာဉ်၏ အမြင့်ကိုတိုင်းတာသည့် ကိရိယာ

၂) Ammeter >>> လျှပ်စစ်စီးဆင်းမှုကို Ampere ဖြင့်ဖော်ပြသည့် တိုင်းတာရေးကိရိယာ

၃) Anemometer >>> လေတိုက်ခတ်သည့်အားနှင့် အလျင်နှုန်းကို တိုင်းတာသည့် ကိရိယာ

၎) Audiometer >>> အသံနှုန်းကို တိုင်းတာသည့် ကိရိယာ

၅) Barometer >>> လေထုဖိအားကို တိုင်းတာသည့် ကိရိယာ

၆) Calorimeter >>> အပူပမာဏကို တိုင်းတာသည့် ကိရိယာ

၇) Cardiograph >>> နှလုံးလှုပ်ရှားမှုကို ခြေရာခံဖော်ပြသည့် ကိရိယာ

၈) Chronometer >>> သင်္ဘောများပေါ်တွင် အချိန်အတိအကျတိုင်းတာနိုင်ရန် တပ်ဆင်သည့် ကိရိယာ

၉) Micrometer >>> သေးငယ်သည့်အကွာအဝေးများကို အသေးစိတ်တိုင်းတာပေးသည့် ကိရိယာ

၁၀) Odometer (Odograph/Mileometer/Milometer/Tripometer) >>> ယာဉ်များ (ကား/ဆိုင်ကယ်) တွင်တပ်ဆင်ထားသည့် ခရီးအကွာအဝေးတိုင်းတာသည့် ကိရိယာ

၁၁) Opisometer (Curvimeter/Meilograph/Map Measurer) >>> မြေပုံပေါ်ရှိ မျဉ်းကွေးများ၏ အလျားကို တိုင်းတာသည့် ကိရိယာ

၁၂) Taximeter >>> တက္ကစီယာဉ်များတွင် တပ်ဆင်လေ့ရှိပြီး သွားသည့်အကွာအဝေးနှင့် စောင့်ဆိုင်းရသည့်အချိန်တို့အပေါ်မူတည်၍ ခရီးသည်အတွက် ကျသင့်ငွေကို တိုင်းတာတွက်ချက်ပေးသည့် ကိရိယာ

၁၃) Planimeter (Platometer) >>> ပုံအမျိုးမျိုးရှိသော နှစ်ဘက်မြင်ပုံများ၏ ဧရိယာကို တိုင်းတာပေးသည့် ကိရိယာ

၁၄) Eudiometer >>> ဓာတ်ငွေ့များ၏ ထုထည်ပြောင်းလဲမှုကို တိုင်းတာပေးသော ဓာတ်ခွဲခန်းသုံးကိရိယာ

၁၅) Speedometer >>> ယာဉ်များတွင်တပ်ဆင်ထားသည့် မောင်းနှင်နေသည့် အလျင်နှုန်းကို တိုင်းတာဖော်ပြပေးသည့် ကိရိယာ

၁၆) Tachometer >>> စက်ကိရိယာအတွင်းရှိ ဝင်ရိုးများ၊ စက်သွားများ၏ လည်ပတ်နေသည့် အလျင်နှုန်းကို တိုင်းတာဖော်ပြပေးသည့် ကိရိယာ

ဆက်လက်လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်မှာလေ့လာဖတ်ရှုနိုင်ပါတယ်...
http://en.wikipedia.org/wiki/Measuring_instrument

နှိုင်းရင့်နွေ

ဗုဒ္ဓမြတ်စွာဘုရားသည်..ကုလားလူမျိုးမဟုတ်ကြောင်းနှင့် မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဉ်း

**********************************************
၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့
*************************************
ဂေါတမ မြတ်စွာဘုရားကို ကုလားဆိုပြီး ပြောနေကြတဲ့သူတွေ (အထူးသဖြင့်) ဖတ်တဲ့သူတွေ အထောက်အကူရမယ်ထင်လို့ပါ။

"သတ္တဒ္ဓ ဂေါတမ" ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုရားက အာရီယာန်အနွယ်တွေကနေဆင်း
သက်လာတဲ့ ဝေသာလီလူမျိုး။ အသားဖြူတယ်။ အရပ်အမောင်းကောင်းတယ်။အတိုက်အခိုက်ကျွမ်းကျင်တယ်။

ဒရာဗီးဒီယန်းလို့ခေါ်တဲ့အသားမည်းတဲ့
ရှေးအရင်အိန္ဒိယတိုက်ငယ်မှာ(အခုအိန္ဒိယ၊
ဘင်္ဂလားဒေ့ရှ်၊ နီပေါတဝိုက်) နေတဲ့သူတွေနဲ့ မတူဘူး။ဟိန္ဒူ ဇာတ်ခွဲတာအဲဒီအပေါ်အများကြီး မူတည်ပါတယ်။
အာရီယာန်နွယ်တွေကဇာတ်မြင့်ပြီး ဒရာဗီးဒီးယန်းတွေကဇာတ်နိမ့်တယ်။

အခုမြန်မာတွေ ခေါ်နေကြတဲ့ ကုလားဆိုတာ အကုန်လုံးကို ပေါင်းခေါ်တာ(ဘင်္ဂလီ၊
ဆင်ဟာလီ၊ အီန္ဒိယနွယ်၊ နီပေါ၊ အာရပ်၊ ပါရှန်း၊ ပထန်၊ ပါကစ္စတန်အကုန်ပါတယ်)။
ပါရှန်းနဲ့ ပါကစ္စတန်ဖက်က သူတွေကလည်း အာရီယာန်နွယ်တယ်။ ဒီတော့ကုလားလို့ သိမ်းကျုံးခေါ်တဲ့ အထဲမှာပါသွားတယ်။

ဒါပေမယ့် မြန်မာတွေအများစုက ကုလားလို့ခေါ်နေကြတဲ့ သူတွေနဲ့မတူဘူး။ကုလား
ဆိုတာကူးလာဆိုတဲ့စကားကလာတာ။
အသားမည်းသူလို့အဓိပ္ပါယ်ရတယ်။လူမျိုးက
အရေးမကြီးပါဘူး။အကျင့်သီလ၊ခံယူချက်၊
သဘောတရားတွေကပိုအရေးကြီးတယ်။

မြန်မာတွေကမူဆလင်ကိုမကြိုက်တာက လုံးဝသဘောတရားချင်းမတူလို့ပဲ။အဓိက
အချက်က ကုသိုလ်၊ အကုသိုလ်ကို အဓိပ္ပါယ်ဖွင့်တာ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
ကုလား မဟုတ်ကြောင်းကို သိစေအပ်ပါသည်။

မသိသူများ သို့ သိစေ လိုသူ....

အချိုရည်များကနှစ်စဉ်လူ ၁၈၀၀၀၀ကျော်ကိုသေဆုံးစေ

သကြားဓာတ်ထည့်သွင်းထား သောအချိုရည်များ၊ဆိုဒါများ၊အား ကစားသမားများသောက်သော အချိုရည်များနှင့်ဂက်စ်ပါသော အချိုရည်များသည် နှစ်စဉ်လူပေါင်း၁၈၀၀၀၀ကျော်သေဆုံးမှုနှင့် ဆက်စပ်နေ ကြောင်းသုတေသနတစ်ရပ်တွင်ဖော် ပြထားသည်။ ယခုလေ့လာမှုကို အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်ခဲ့ပြီးအချိုဓာတ်ပါဝင်သော အားဖြည့်အရည်များကကျန်းမာရေး အပေါ်သက်ရောက်မှု ကို လေ့လာနိုင်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါအချိုရည်မျိုးစုံသည် ကိုယ်အလေးချိန်တက်ခြင်း၊ဆီးချိုသွေး ချိုရောဂါ၊နှလုံးရောဂါနှင့်ကင်ဆာ ရောဂါအချို့နှင့်ဆက်စပ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။သုတေ သနတွင်အချိုရည်များသည်တစ် ကမ္ဘာလုံးမှဆီးချိုသွေးချိုကြောင့်သေဆုံး ရမှုပေါင်း၁၃၃၀၀၀၊နှလုံးရောဂါ ကြောင့်သေဆုံးရမှုပေါင်း၄၄၀၀၀နှင့် ကင်ဆာကြောင့်သေဆုံးရမှု၆၀၀၀ နှင့်ဆက်နွယ်နေကြောင်းသိရှိခဲ့ကြ သည်။
အဆိုပါသေဆုံးမှုများ၏၇၈% သည် အချိုရည်များကိုအလွန်အကျွံ သောက်သုံးမှုနှင့်ဆက်စပ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထက်စာလျှင် ဖွံဖြိုးဆဲနိုင်ငံများတွင်ပိုအဖြစ်များနေသည်။ အချိုရည်သောက်သုံးမှုနှုန်း အများဆုံးတိုင်းပြည်မှာမက္ကဆီကို နိုင်ငံဖြစ်ပြီးအချိုရည်ကြောင့် သေဆုံးရမှုနှုန်း အမြင့်ဆုံးနိုင်ငံလည်းဖြစ် သည်။လူတစ်သန်းတွင်၃၁၈ဦးသည် အချိုရည်နှင့်ဆက်စပ်ရောဂါများ ကြောင့်သေဆုံးနေရသည်ဟုသိရ သည်။ ယင်းတိုင်းပြည်နှင့်ပြောင်းပြန်မှာ ဂျပန်နိုင်ငံဖြစ်ပြီးသေဆုံးမှုနှုန်း မှာလည်းအနည်းဆုံးဖြစ်သည်။လူ တစ်သန်းတွင်၁၀ဦးသာသေ ဆုံးသည်ဟု ဖော်ပြထားသည်။

သက်ကို
Ref:ANI
Health Updates Journal

အ၀လွန်ခြင်းကိုကာကွယ်နိုင်ရန် ခန္ဓာကိုယ်တွင်းထည့်သွင်းရသော သတ္ထုအပြားငယ်တီထွင်..

အ၀လွန်ခြင်းကိုကာကွယ်နိုင်ရန် ခန္ဓာကိုယ်တွင်းထည့်သွင်းရသော 
သတ္ထုအပြားငယ်တီထွင်..

လူတို့၏အ၀လွန်ခြင်းကိုထိန်းချုပ်နိုင်ရန် ခန္ဓာကိုယ်အတွင်းထည့်သွင်းရ
သော သတ္ထုအပြားငယ်(chip) တစ်မျိုးကို အင်္ဂလန်နိုင်ငံရှိ “Imperial 
College London” မှ ပရော်ဖက်ဆာနှစ်ဦးဖြစ်သည့် “Chris Toumazou”
နှင့် “Stephen Bloom” တို့မှတီထွင်အောင်မြင်ခဲ့ကြောင်းသိရသည်။ 
ထိုသတ္ထုပြားငယ်ကို ခန္ဓာကိုယ်တွင်း ထည့်သွင်းခြင်းဖြင့်အစားစားချင်စိတ်
ကိုလျှော့ချပေးသောလျှပ်စစ်လှိုင်းများသည်ဦးနှောက်သို့ရောက်ရှိပြီး ဆာလောင်မှုကိုတင်းတိမ်စေခြင်းဖြင့်လူတို့၏ခန္ဓာကိုယ်အ၀လွန်ခြင်းကို
ကာကွယ်တားဆီးပေးနိုင်မည်ဖြစ်ကြောင်းကိုသိရသည်။

SkyNet

နို့ကိုနေ့စဉ်မသောက် သောကောလိပ်ကျောင်း သားများဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါ Metabolic Diseases များရနိုင်

ကောလိပ်ကျောင်းသားလူငယ် များသည်နို့ကို တစ်နေ့သုံးကြိမ် သောက်သုံးသင့်ပြီးမသောက်သုံးသူ များသည်ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါ များဖြစ်ပွားမှုနှုန်းမြင့်တက်နိုင် ကြောင်း အမေရိကန်နိုင်ငံမှပြုလုပ် သောသုတေသနတစ်ရပ်တွင်သတိ ပေးထားသည်။
University of Illirois မှအစားအစာသိပ္ပံနှင့်အာဟာရဗေဒ ပါမောက္ခ Dr.Margarita Garcia က လူလေးဦးတွင် တစ်ဦးနှုန်းသည် နေ့စဉ် နို့သောက်သုံးသည်ကို ယခုလေ့လာမှု တွင်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊သို့သော် အသက်၁၈မှ၂၅နှစ်အတွင်းကောလိပ် ကျောင်းသားလူငယ်များမှာမူနို့ သောက်မှုနည်းပါးပြီးအခြား အချိုရည် များကိုသာမက်မောနေကြကြောင်း၊ အဆိုပါလူငယ်များတွင်ဇီဝဖြစ်ပျက် မှုဆိုင်ရာရောဂါများ(metabolic diseases)ဖြစ်ပွားမှုနှုန်းမြင့်တက် နေကြောင်းထောက်ပြခဲ့သည်။
metabolic diseases များ သည်အ၀လွန်ခြင်း၊သွေးပေါင်ချိန် တက်ခြင်း၊ သွေးအချိုဓာတ်များခြင်း၊ ကိုလက်စတီရောများနေခြင်းတို့ကဲ့ သို့သောအဖြစ်များစေသည့် အချက် များကသက်ရောက်မှုရှိသည်။အဆိုပါ အချက်များကိုနို့တစ်နေ့ကိုသုံးကြိမ် သောက်သုံးခြင်းဖြင့်ကာကွယ်နိုင် ကြောင်း၊နို့သောက်ပေးခြင်းသည် လူငယ်များကို ဇီဝဖြစ်ပျက်မှုပုံမမှန်ခြင်း ၏နောက်ဆက်တွဲဖြစ်သောနှလုံး ရောဂါ၊ဆီးချိုသွေးချိုရောဂါနှင့်သွေး တိုးရောဂါများမှကာကွယ်ပေးနိုင် ကြောင်ီးမ.မြေါမေငအွေမေခငေ ကပြောကြားထားသည်။

သန့်စင်
ref:ANI
Health Updates Journal
Vol.2, No.13

The Art of Transition Symposium 2013 ပွဲကျင်းပ

The Art of Transition Symposium 2013 ( Yangon )ပွဲကို မတ်လ ၃၀ ရက်နေ့ နံနက် ၉နာရီအချိန်မှာ ဖိုးစိန်လမ်းရှိ Holiday Restaurant တွင် စည်ကားစွာ ကျင်းပခဲ့ပါတယ်။အစီအစဉ်အတွင် ဇာဂနာမှ အဖွင့်အမှာစကားပြောပြီး ဦးဝင်းတင်မှ Freedom of Expression အကြောင်းကို ရှင်းလင်းပြောကြားပြီး ကဗျာဖတ်ခြင်း၊ စကားပြေဖတ်ခြင်း အစီအစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ပါတယ်။

P - 066
ဓာတ်ပုံ မင်းမင်းထွန်း

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>Popular Journal<< Thank
The Art of Transition Symposium 2013 ပွဲကျင်းပ

The Art of Transition Symposium 2013 ( Yangon )ပွဲကို မတ်လ ၃၀ ရက်နေ့ နံနက် ၉နာရီအချိန်မှာ ဖိုးစိန်လမ်းရှိ Holiday Restaurant တွင် စည်ကားစွာ ကျင်းပခဲ့ပါတယ်။အစီအစဉ်အတွင် ဇာဂနာမှ အဖွင့်အမှာစကားပြောပြီး ဦးဝင်းတင်မှ Freedom of Expression အကြောင်းကို ရှင်းလင်းပြောကြားပြီး ကဗျာဖတ်ခြင်း၊ စကားပြေဖတ်ခြင်း အစီအစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ပါတယ်။

P - 066
ဓာတ်ပုံ မင်းမင်းထွန်း

Popular Journal<< Thank

သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင် . .......

သရဏဂုံဟာ ကလေးသူငယ်ကအစ လူတိုင်း လူတိုင်းနဲ့ သင့်လျော်တယ်။ ဘာမျှမကုန်ခန်း မပင်ပန်းဘဲနဲ့လည်း သရဏဂုံတည်မှုကို ရနိုင်တယ်။

သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင် . .
၁။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့်
မိမိကိုယ်ကို အပ်နှံခြင်း။
၂။ ဘုရား တရား သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။
၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း။
၎။ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း။

အဲဒီလေးပါးအနက်မှ တစ်ပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။

( တောင်ပုလုတောရဆရာတော်ဘုရားကြီး )

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>3 Treasures: Buddha, Dhamma & Sangha<< Thank
သရဏဂုံဟာ ကလေးသူငယ်ကအစ လူတိုင်း လူတိုင်းနဲ့ သင့်လျော်တယ်။ ဘာမျှမကုန်ခန်း မပင်ပန်းဘဲနဲ့လည်း သရဏဂုံတည်မှုကို ရနိုင်တယ်။

သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင် . .
၁။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့်
မိမိကိုယ်ကို အပ်နှံခြင်း။
၂။ ဘုရား တရား သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။
၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း။
၎။ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း။

အဲဒီလေးပါးအနက်မှ တစ်ပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။

( တောင်ပုလုတောရဆရာတော်ဘုရားကြီး )
3 Treasures: Buddha, Dhamma & Sangha<< Thank

“စိတ်ထားနဲ့ ကိုယ်ကျင့်တရား”

ရိုးသားသယောင် ဟန်ဆောင်တတ်ကြတယ်။
စေတနာကောင်းသယောင် ဟန်ဆောင်တတ်ကြတယ်။
ကိုယ်ကျင့်တရား မြင့်မြတ်သယောင် ဟန်ဆောင်တတ်ကြတယ်။
ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါစေ၊ ဟန်ဆောင်ထားပါစေ
သရုပ်မှန်က ပေါ်လာတတ်စမြဲပါ။ လူတစ်ယောက်ရဲ့ မူရင်းစိတ်ထား၊
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေဆိုတာ
ကြာကြာဟန်ဆောင်လို့ မရပါဘူး။ ဟန်ဆောင်ထားလို့ရတဲ့
အမျိုးအစားထဲမှာ “စိတ်ထားနဲ့ ကိုယ်ကျင့်တရား” မပါပါဘူး။
တစ်ချိန်မဟုတ် တချိန်တော့ ရုပ်လုံး ပေါ်လာတာချည်းပဲ။
နှလုံးသားအာဟာရ

ကွဲကွာခြင်း (သို့) ခွဲခွာခြင်းဆိုသည်မှာ

ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ
(မငိုကြသောမိသားစု)

ကွဲကွာခြင်း (သို့) ခွဲခွာခြင်းဆိုသည်မှာ 

ထုတ်ပယ်ပစ်၍ မရစကောင်းသော

လူ့ဘ၀၏ သင်္ကေတ တစ်ခုပင်ဖြစ်သည်။

မည်သူမဆို ထိုသဘောတရားနှင့် 

ကင်းကင်းရှင်းရှင်းနေချင်ပါသော်လည်း

အလိုဆန္ဒမပြည့်ဝနိုင်ကြပါ..။

မည်သို့ပင်ကြိုးပမ်းလုံ့လပြု  

တားဆီးကြစေကာမူ

တစ်နေ့နေ့တစ်ချိန်ချိန်တွင်

ကွေကွင်းရခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ကြသည်သာ ဖြစ်ပါသည်..။

*နှလုံးသွင်းရန်နည်းလမ်းများမှာ............*
"ပျက်စီးတတ်တဲ့သဘောမို့ ပျက်စီးသွားရလေပြီ၊ သေရမဲ့သဘောမို့သေသွားခြင်းဖြစ်သည်၊
ဖြစ်ပေါ်လာတဲ့သင်္ခါရတရားမှန်သမျှဟာ ပျက်စီးခြင်းမှာနိဂုံးချုပ်ရမှာပဲ" ဟုသံဝေဂတရားပွါးခြင်းဖြင့်လည်းကောင်း..............

"မြွေများဟာ အရေခွံလဲတဲ့ အချိန်မှာ အရေခွံဟောင်းကိုစွန့်ပစ်သွားသကဲ့သို့ အရေခွံဟောင်းနဲ့တူတဲ့ ဤ ခန္ဓာသည်လည်းအချိန်တန်လျှင်စွန့်ပစ်ရမည်သာ"........
ဘ၀သစ်သို့ရောက်ချိန်တွင်လည်း ခန္ဓာသစ်ကိုရရှိနေပြီဖြစ်၍ ခန္ဓာဟောင်းကိုမလိုချင်တော့သည်မှာ ဓမ္မတာပင်ဖြစ်လိမ့်မည်။ ဟုလည်းကောင်း..........

"လာတုန်းကလည်းခွင့်မတောင်းပဲလာခဲ့လေပြီ၊ ပြန်သွားတော့လည်းခွင့်မတောင်းပဲ သူ့သဘောနှင့် သူပြန်ရလေပြီ။"...ဘ၀ဟောင်းမှ ဘ၀သစ်သို့ရောက်လာကြသူတို့သည် မိမိတို့ကံ အကြောင်းကြောင့်သာ ရောက်လာကြခြင်းဖြစ်၏၊ထို့အတူ ဤဘ၀မှ နောက်ဘ၀ သို့ထပ်မံ ပြောင်းရွေ့ကြသည်မှာလည်း မိမိတို့ကံအလျောက်သာ သွားရောက်ကြခြင်းဖြစ်သည်။ ဧည့်သည်ပမာခေတ္တသာ လာရောက်လည်ပတ်ပြီးအချိန်တန်ကပြန်သွားတတ်သည့် သဘောကို ကောင်းစွာနားလည်ရပါမည်။

သောကဟူသောသဘောတရားသည် အမှန်တရားကို မသိမြင်ကြသေးသောသူများ၏ ရင်တွင်းသို့သာ ထိုးဖောက်ဝင်ရောက်နိုင်ပါသည်။ အကြောင်းမှန်ကို သိ၍ သောကအဖြစ်မခံသောသူတို့နှင့် ကြုံဆုံလျှင်ကား အနားသို့ပင်မကပ်နိုင်ပဲ ထွက်ပြေးပုန်းရှောင်ရလေတော့သည်။

ဒါန သီလ ဘာဝနာတရားများကိုကြိုးစားအားထုတ်ရင်း သောကကင်း ကင်းနေနိုင်အောင် လေ့ကျင့် အားထုတ်နေသင့်ပါသည်..။

စာဖတ်သူမိတ်ဆွေများလည်း ကွဲကွာခြင်း၊ခွဲခွာခြင်း သဘောတရားများကို ဆရာတော်၏ တရားအနှစ် ချုပ်ကိုဖတ်ရှု့ပြီး တဖြည်းဖြည်းနားလည်သဘောပေါက်လာနိုင်ကြပါစေ..။
မေတ္တာဖြင့် Tthaw...

တစ်ဦးချင်းငြိမ်းချမ်းမှုမှ လောကငြိမ်းချမ်းရေးသို့ ”

“ တစ်ဦးချင်းငြိမ်းချမ်းမှုမှ လောကငြိမ်းချမ်းရေးသို့ ”
••••••••••••••••••••••••••••••••••••••••••

“ စစ်ကို ဘယ်က စသလဲ ဆိုရင်
စိတ်က စတယ်။
လူတစ်ယောက်ချင်းစီရဲ့
စိတ်ဓာတ်ကနေပြီးတော့ စတာ။
အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို
မလုပ်သေးခင် ဘာအရင်လုပ်ရမလဲ။
တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့
စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်
လုပ်ရမယ်။ ”

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာဥာဏိဿရ

Dhamma Danã Source ►
Young Buddhist's Association

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>Young Buddhist's Association<< Thankတစ်ဦးချင်းငြိမ်းချမ်းမှုမှ လောကငြိမ်းချမ်းရေးသို့ ”
••••••••••••••••••••••••••••••
••••••••••••

“ စစ်ကို ဘယ်က စသလဲ ဆိုရင်

စိတ်က စတယ်။
လူတစ်ယောက်ချင်းစီရဲ့
စိတ်ဓာတ်ကနေပြီးတော့ စတာ။
အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို
မလုပ်သေးခင် ဘာအရင်လုပ်ရမလဲ။
တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့
စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်
လုပ်ရမယ်။ ”

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

ဒေါက်တာဥာဏိဿရ

Dhamma Danã Source ►

Young Buddhist's Association

နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားပဲတဲ့

ဒါမျိုးလေးရမှ မိန်းမယူမယ် အဟီးးးးးးးးးးးးးးးးး:D

ယောက်ျားလေးအတွက်

ကျွန်တော်မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ်ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ဂျပန်စား၊ စသည်ဖြင့် ပြောင်းလဲချက်ချက်လား။ ရတယ်။ ဒီကိစ္စမှာသူမကို လုံးဝလွတ်လပ်ခွင့်ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်းသန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကားနားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

ကျွန်တော်မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယော
က်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ်ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ဂျပန်စား၊ စသည်ဖြင့် ပြောင်းလဲချက်ချက်လား။ ရတယ်။ ဒီကိစ္စမှာသူမကို လုံးဝလွတ်လပ်ခွင့်ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်းသန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကားနားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်
ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်း
ကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထား
သည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက်လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်
တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်းရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေ
ရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသ
ကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်
မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်

MyanmarTodayNews's 

AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ ဆုရရှိ

မလေးရှားနိုင်ငံတွင်ကျင်းပသော AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ နေရာ ရာထားချင်းခံရသည်ဟု သိရပါသည်။ ၎င်းဆုများမှာ (Best Film Photography (အောင်ကိုလတ်) နှင့် Best supporting actress (Rose Mary) တို့ဖြစ်ပြီး ဆုများကို ဒီနေ့ညနေ ကြေငြာမှာဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ် Facebook စာမျက်နှာမှ
မလေးရှားနိုင်ငံတွင်ကျင်းပသော AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် 
 
ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ နေရာ ရာထားချင်းခံရသည်ဟု 
 
သိရပါသည်။ ၎င်းဆုများမှာ (Best Film Photography (အောင်ကိုလတ်) နှင့် Best supporting 
 
actress (Rose Mary) တို့ဖြစ်ပြီး ဆုများကို ဒီနေ့ညနေ ကြေငြာမှာဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ် Facebook စာမျက်နှာမှ

Sunday, 17 March 2013

အချစ်ဧ။် အစွမ်းသတ္တိများ

Photo: အချစ်ဧ။် အစွမ်းသတ္တိများ
++++++++++++++
၁။ စိတ်ညစ်မှုတွေ ဘယ်လောက်ပဲများများ အချစ်နဲ့ လက်တလော ထိတွေ့နေရင် အားလုံးကို မေ့ပျောက်နိုင်တယ်။

၂။ အခက်အခဲတွေကို ဖြေရှင်းဖို့ အားဆေး တစ်ခွက်လည်း ဖြစ်တယ်။

၃။ အချစ်ပာာ ကြောက်စိတ်ကို တွန်းလှန်နိုင်တယ်။

၎။ လမ်းပျောက်နေတဲ့လူတွေကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်တယ်။

၅။လူမိုက်ကို လိမ္မာလာစေတယ်။

၆။ စိတ်ညစ်တဲ့အခါ နှစ်သိမ့်မှုကိုပေးတယ်။

၇။ အချစ်စိတ် စွမ်းအားကောင်းလျှင် အရက်ဖြတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်လာတယ်။

၈။ အနှိုင်းမဲ့ အထိအတွေ့ကိုလည်း ရရှိ ခံစားစေတယ်။ 

၉။ အတွေ့အကြုံကောင်းလည်း ဖြစ်တယ်။

၁၀။ ဘ၀ကို အဓိပ္ပာယ် ရှိစေတယ်။

အားလုံး အချစ်ကို စားသုံးနိုင်ပါစေ။

ပြည်ငြိမ်း

Related Posts Plugin for WordPress, Blogger...