![]()
![]()
![]()
![]()
![]()
- ချစ်ဆူးအိမ်လေး
- Android Software အလန်းလေးများ
- Facebook ဆိုင်ရာ သိမှတ်ဖွယ်ရာများ
- G-mail, G-talk ဆိုင်ရာ နည်းပညာ လေ့လာသိမှတ်စရာများ
- Mobile Phone ဆိုင်ရာ သိမှတ်စရာ
- ကျန်းမာရေးအတွက် အစားအစာ
- ဆရာတော်များရဲ့ ဆုံးမသြ၀ါဒများ
- တရားတော်များ
- ထူးဆန်း အံ့သြဖွယ်
- ဗဟုသုတ
- ရယ်မောစရာ ပျော်ရွှင်စရာ
- သတင်း
- သိပ္ပံလောက တွေ့ရှိချက်များ
- သဘောကျစရာ ဓါတ်ပုံလေးများ
- အလှအပရေးရာ ပြုပြင်စရာ
- အကြောင်းအရာများ
- အနုပညာ သတင်း
- နှလုံးသား အာဟာရ စကားစုလေးများ
- အချစ်ဝတ္ထုတိုလေးများ
- ချစ်ဆူးအချစ်ကဗျာပန်းခင်းလေး
- စားမယ်၊ ၀ါးမယ်
မိဘမေတ္တာ ရင်သို့ထိသော စာလေးများ
Wednesday, 17 April 2013
Tuesday, 9 April 2013
မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိ
မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက မတ်လ၂၆ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။ မီချီဂန်ပြည်နယ်အခြေစိုက် အမေရိကန် သိပ္ပံပညာရှင်များသည် တွေ့ရှိချက်များအရ အဆိုပါဘူးလ်ငါးမန်းတွင် ခေါင်းနှစ်လုံးပါရှိသည့်အပြင် နှလုံးနှစ်ခုနှင့် အစာအိမ်နှစ်ခုပါရှိပြီး အမြီးတစ်ခုသာ ပါရှိသည်ကိုတွေ့ရသည်။ ၂၀၁၁ခုနှစ်ဝန်းကျင် မက္ကဆီကိုပင်လယ်ကွေ့အတွင်း ကမ်းလွန်ပင်လယ်ရေနံ တူးဖော်ရေးလုပ်ငန်းမှ ရေနံယိုစိမ့်မှုများအကြီးအကျယ်ဖြစ်ပွားပြီးနောက်ပိုင်း ထိုဒေသအတွင်း ပင်လယ်သတ္တ၀ါများနှင့် ငါးမန်းမျိုးစိတ်အခိျု့သည် ခေါင်းနှစ်လုံးပါရှိသော ရေနေသတ္တ၀ါများ မွေးဖွားလာသည်ကို တွေ့ရသည်။ လူသားများကို အန္တရာယ်ပေးနိုင်သည့် ဘူးလ်ငါးမန်းမျိုးစိတ်များအနက် ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းကို ထိုသို့တွေ့ရှိရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ထိုခေါင်းနှစ်လုံးနှင့် နွားငါးမန်းကို ဖလော်ရီဒါကီး ကွန်မြူနတီကောလိပ်နှင့် မီချီဂန်ပြည်နယ် ဇီဝဗေဒဆိုင်ရာ ငါးမျိုးစိတ်လေ့လာရေး သုတေသနပညာရှင် မစ္စတာဝက်ဂ်နာက စူးစမ်းလေ့လာနေစဉ် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
http://www.swesonemedia.org/
Monday, 8 April 2013
Martarbak ကြက်ဥ ခေါက်ဆွဲကြော်

အစာပြေ အဖြစ် လုပ်စားဖို့ Martarbak ကြက်ဥ ခေါက်ဆွဲကြော်လေးပါ။ လုပ်ရအရမ်းလွယ်ပြီ အချိန်တိုတွင်းမှာကို လုပ်စားလို့ရမှာပါ။ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၂လုံး
- ကြက်ဥခေါက်ဆွဲ – ၅၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)
- ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁။ ခွက်တစ်ခုထဲတွင် (ကြက်ဥ၊ ခေါက်ဆွဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ရောမွှေထားသော ကြက်ဥခေါက်ဆွဲများကို လောင်းထည့်လိုက်ပါ။

၃။ တဖက်ကျက်သွားလျှင် နောက်တဖက်သို့ လှန်ပြီ အညှိရောင်သန်းသညအထိ ကြော်ပေးပါ။
၎။ ကြက်ဥခေါက်ဆွဲကြော် ရပြီဆိုလျှင် ကတ်ကြေးဖြင့် ၈ပိုင်းပိုင်းလိုက်ပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။
၅။ ထိုင်း ငရုတ်သီးအချိုဆော့ဖြင့် တွဲဖက်ကာ ကြက်ဥ ခေါက်ဆွဲကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

————————————————————————————————————-
ကမ္ဘာ့အပုဆုံးနွားမလေးများ
ကမ္ဘာ့အပုဆုံးနွားမလေးများ
----------------------------------------------------------------
----------------------------------------------------------------
ကမ္ဘာ့အပုဆုံးနွားမအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ အင်္ဂလန်နိုင်ငံ Cheshire က အမြင့် ၃၃ လက်မခွဲသာရှိတဲ့ Swallow ဆိုတဲ့ Dexter အမျိုးအစားနွားမလေးပဲဖြစ်ပါတယ်... သူမဟာ ဒီလိုအကောင်သေးပေမဲ့ သာမန်နွားအရွယ်ရှိတဲ့ သားသမီး ကိုးကောင်ကိုမွေးဖွားပေးနိုင်ခဲ့ပါတယ်... ပုံအကြီးမှာပြထားတာကတော့ Swallow နဲ့ သူမရဲ့အငယ်ဆုံးသား နွားကလေး Freddie နဲ့တွဲရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်...
ဒါပေမဲ့ သူမရဲ့ကမ္ဘာ့အပုဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အိန္ဒိယနိုင်ငံက Diana ဆိုတဲ့ Vechur (Vechoor) နွားအမျိုးအစား နွားမလေးကိုပေးအပ်ခဲ့ရပါတယ်... Diana ဟာ ၇၇ စင်တီမီတာ (၃၀ လက်မ) သာ အမြင့်ရှိပါတယ်... Vechur နွားတွေဟာ အမြင့် ၃၁ လက်မကနေ ၃၅ လက်မပဲရှိတတ်ကြပါတယ်... ပုံသေးကတော့ ၁၆ နှစ်သား Vechur အမျိုးအစားနွားတစ်ကောင်နဲ့ ၆ နှစ်သား သာမန်နွားတစ်ကောင်ကိုယှဉ်ပြထားတာဖြစ်ပါတယ်...
နှိုင်းရင့်နွေ
ဘာလဲဟ................
ချစ်သူ
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခုကိုယ်ပို့လိုက်တဲ. စာကလေးကိုရရင် အမွေးနှုတ်ပြီးကြော်စားလိုက်ပါနော်…
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး…
မင်းနဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညှင်းဆန်တွေဈေးကြီးတာ မင်းအသိပါ….
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းကရေငုတ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့
အချစ်ရယ်…..
ကိုယ်တစ်ရောက်တည်း လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ အခုဆိုခြောက်လောက်ရောပေါ့….
မင်းအချစ်ကိုသာမရရင် မထူးတော့တဲ့ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ…
ကိုယ်ဒီလို အရဲစွန်.ပြီးစာရေးတာကို စိတ်မဆိုးပါနဲ့ နော်……
ငပိစားပြီး အသိတရားမရှိဘူးလို့ မပြောလိုက် ပါနဲ့ကွာ……
ဂေါ်ဖီစားပြီး တော်ကီပွားနေတယ်လို့လဲ မပြောလိုက်ပါနဲ...
ရုတ်တည်နဲ့ မုန့်တီထိုင်စားနေတာလို့လဲ မထင်လိုက်ပါနဲ့….
အရှက်မရှိ သရက်စေ့လဲ မဟုတ်ပါဘူးနော်…
ကိုယ်ဟာ ရုတ်ကလာပ်က စုတ်ပြတ်…
ရူပါက ချူချာ….
သောက်ရုပ်က မျောက်ကုတ်….
ပုံစံက ဒုံပျံ နေပေမယ့်…..
အသည်းနှလုံးကတော့ အရမ်းချစ်တတ်ပါတယ်…..
ကိုယ့်ရဲ့စာကို မင်းမိဘတွေတွေ့လို့ တော်တော်ဆူနေလား?
ဆူရင် မီးဖိုပေါ်က ချပြီး လက်ဖက်ခြောက်ခတ်လိုက်နော်…..
မင်းလေးကိုယ့် ဆီစာပြန် ပါဦးနော်…
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို ကိုယ် လေသေနတ်နဲ့
အသင့် ဆောင့်နေမယ် ….အဲလေမှားလို့ အသင့်စောင့်နေမယ်….
ချစ်တဲ.ကိုယ်
ပါးစပ်မှ အကောင်ပေါက်သော ဖား
ပါးစပ်မှ အကောင်ပေါက်သော ဖား
Monday, 08 April 2013
Gastric-Brooding အမည်ရတဲ့ ဖားမျိုး ဖြစ်ပါတယ်။ ဥကို ဝမ်းမှာ သိုလှောင်ပေမယ့် အကောင်ကျ ပါးစပ်ကနေ ပေါက်ပါတယ်။
သြစတေးလျနိုင်ငံအရှေ့ ပိုင်း Queenland ဒေသမှ တွေ့ရှိရတဲ့ ဖား တစ်မျိုး ဖြစ်ပြီး ၁၉၇၀ ခုနှစ်ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပေ မယ့် နှစ်လေးဆယ်ကျော်မှ ပြန်လည် လူသိများခဲ့တာ ဖြစ်ပါတယ်။
တကယ်ပဲ အကောင်ပေါက်ဖို့အတွက် ပါးစပ်ကိုအသုံးပြုပြီး မွေးဖွား
ပါတယ်။
စိုစွတ်တဲ့ ကုန်းမြင့်ဒေသတွေမှာသာ ရှင်သန်ပေါက်ဖွားတဲ့ Gastic-Brooding ဖားမျိုးများဟာ ကမ္ဘာ့ရှားပါး ဖားမျိုးဖြစ်ကြောင်း သိရပါတယ်။
--
Ref: myscienceacademy
International news for myanmar
Subscribe to:
Posts (Atom)