Friday, 25 January 2013

♥ : ̾●̮̮̃̾•̃̾) ဘယ်လိုမိန်းကလေးမျိုးက ♥ : ̾●̮̮̃̾•̃̾) ချစ်သူကောင်း၊ ချစ်သူစစ် ဖြစ်နေသလဲ..........

             ♥ : ̾●̮̮̃̾•̃̾)      ဘယ်လိုမိန်းကလေးမျိုးက       ♥ : ̾●̮̮̃̾•̃̾)
         ချစ်သူကောင်း၊ ချစ်သူစစ် ဖြစ်နေသလဲ..........

(၁)

တကယ်ချစ်တဲ့  မိန်းကလေးတစ်ယောက်ဆီမှာ….

သူ ချစ်တဲ့  ယောက်ျားလေးအတွက် မာနတွေ၊ သိက္ခာတွေ၊

အတ္တတွေမရှိတော့ ဘူး။

သူပျော်ဖို့ ၊ သူဘာလိုအပ်လည်း ဆိုတာတွေကို တွေးပြီး

သူပျော်ရင်ပြီးတာပဲ ဆိုတဲ့  ခံစားချက်လေးတွေနဲ့ 

အရာရာကို အရှုံးပေး…၊ နားလည်းပေး ချစ်နိုင်တဲ့သူပေါ့။

ဒါကြောင့်လည်း တခါတလေမှာ….

အမေတစ်ယောက်လို၊ အမတစ်ယောက်လို

တဗျစ်တောက်တောက်နိုင်တဲ့  စကားတွေပြောပြီး၊

တခါတလေ ကျတော့  အပြစ်ရှိသူတစ်ယောက်လို

ခေါင်းငုံ့ခံတက်ကြတယ်။

မာနကိုအရောင်တင်တဲ့  မိန်းမတိုင်းအတွက်

တကယ်မချစ်ရင် အနစ်နာခံဖို့ ဆိုတာ

အိမ်မက်ထဲမှာပဲရှိတော့ မှာပေါ့……..

(၂)
တခါတလေ ချစ်သူကိုတွေ့ချင်စိတ်ကြောင့်သာ မဟုတ်ရင်…

ဂိမ်းဆိုင်လိုဖြစ်နေတဲ့ အင်တာနက်ဆိုင်မျိုးကို

သူတို့ ယောင်လို့ တောင်ခြေချမှာ မဟုတ်ဘူး…၊

လိပ်လို နှေးနေတဲ့ ကွန်နက်ရှင်ကြားမှာ ချစ်တဲ့ စိတ်သာ မရှိရင်

ကြာကြာထိုင်နိုင်မှာမဟုတ်ဘူး…၊

အော်ခေါ် မကြားနိုင်တဲ့ ဖုန်းလိုင်းတွေကြားမှာ

အိပ်ချင်စိတ်တွေ ကြီးစိုးနေသည့်တိုင်

ညနက်ထိလည်း တကယ်မချစ်ရင်

မျှော်လင့်ချက်တွေနဲ့စောင့်မျှော်နေကြမှာမဟုတ်ဘူး…

သူတို့  သိပ်ချစ်နေလို့ သာ အရာရာကို

ဥပေက္ခာပြုနိုင်ကြတာမဟုတ်လား……….

(၃)
ပိုချစ်တဲ့ မိန်းကလေးဆိုတာ သင့်အတွက်တော့  ဒုတိယမိခင်ပေါ့။

မွေးနေ့ လိုနေ့ မျိုးမှာ နေပူကျဲတဲ ဘုရားပေါ်တက်

ဆုတောင်းချင် တောင်းပေးနေလိမ့် မယ်။

သင်အလုပ်အကိုင်တွေ အဆင်ပြေစေဖို့ ၊ နေကောင်း ကျန်းမာစေဖို့

ဘုရားစာကို မချပဲ ဆုတောင်းပေးချင်ပေးနေလိမ့် မယ်။

စောင်းတန်းက အလှူခံဖြတ်ပိုင်းလေးကို

အမှတ်တရ သိမ်းထားချင် သိမ်းထားနေလိမ့် မယ်….။

အမှတ်တရတွေ အများကြီးကို

သိမ်းဆည်းတက်တဲ့  မိန်းမတွေအတွက်

သင်လည်း သိမ်းဆည်းခံသူတစ်ယောက်ဖြစ်ခဲ့ရင်

ဂုဏ်ယူဖို့ ကောင်းနေပါပြီ….။

(၄)
ကိုယ်ရော စိတ်ပါ ချစ်နိုင်တဲ့ မိန်းကလေးမျိုးဆိုတာ

သင့်အပူမီးတွေကိုပါ ကူးစက်ခံစားနေနိုင်သူပေါ့။

အနည်းဆုံး ဘောလုံးပွဲရှုံးလို့  စကားတွေမာလာရင်တောင်

ပြုံးပြုံးလေးနေနိုင်တက်သူပေါ့။

တကယ်ချစ်တဲ့  မိန်းကလေးဆိုတာ သင့်အိမ်အပူမီးတွေ၊

သင့်ရဲ့ ကိုယ်ရေး ကိုယ်တာတွေအတွက်ပါ

ကိုယ်စိတ်နွမ်းနေသည့်တိုင် တဖွဖွမှာပေး၊ လုပ်ပေးနေလိမ့်မယ်။

တကယ်မချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပါးစပ်ဖျားမှာ

သင့် အကြောင်းထက် မနေ့က တင်တဲ့ ရုပ်ရှင်ဇတ်ကားလောက်

နေရာယူနိုင်မှာ မဟုတ်ဘူးလေ…….။

(၅)
သင် အရက်သောက်တက်ရင်၊ ဆေးလိပ်သောက်တက်ရင်

မသောက်ဖို့ ကို တင်းတင်းကြပ်ကြပ် တားမြစ်တာထက်

ကျန်းမာရေး မကောင်းဖြစ်မှာပေါ့  ဥပမာပေး တားမြစ်နေလိမ့်မယ်။

သင်စိတ်တိုင်းကျ လွတ်လပ်စွာ နေထိုင်တာကို ချစ်တဲ့ စိတ်နဲ့ 

ခွင့်လွှတ်ပေးနိုင်ချင်နိုင်လိမ့် မယ်။

သေချာတာကတော့ သူတို့အပေါင်းအသင်းတွေကြားမှာ

သင့်ကောင်းကြောင်းတွေပြောပြနေချင်တဲ့ 

မိန်းမလေးတွေဆိုတာကိုတော့ သတိပြုမိစေချင်တယ်။

ဥပမာ မောင့်က ငါ့စကားဆို နားထောင်တယ်ဆိုတာမျိုး၊

ငါ့ကို လည်းသိပ်ချစ်တာ၊ ဖုန်းလည်း မအားတဲ့ ကြားက

ဆက်ရှာတယ် ဆိုတာမျိုးတွေပေါ့။

(၆)
အစွန်းရောက်တယ် ဆိုတဲ့ ခံစားချက်တွေကို

မွေးဖွားလေ့ရှိတာ တကယ်ချစ်တဲ့ 

မိန်းကလေးတွေဆီမှာပါ။

သင်ကွယ်ရာမှာ ရှုပ်တာ သိနေသည့်တိုင်အောင်၊

အကောင့်တွေ အများကြီးနဲ့ ကျူနေတာ

သိနေ သည့် တိုင်အောင်၊

ဘောလုံးကန်တာတွေနဲ့  အကြောင်းပြချက်များစွာပေးပြီး

တွေ့ချိန် နည်းပါးနေသည့် တိုင်အောင်

တကယ်ချစ်တဲ့ မိန်းကလေးတွေရဲ့

ချစ်စိတ်နဲ့ နားလည်ပေးနိုင်စွမ်းဆိုတာ

၁နဲ့  ၁ ပေါင်းလို့  ၂ ရတာကိုတောင်

သင်ကျက်တာခက်နေဦးမယ်။


သူတို့ ဒီလောက်ထိကို လွယ်လွယ် ကူကူ

နားလည်ပေးနိုင်စွမ်းရှိကြပါတယ်။

ဒါပေမဲ့  သိပ်ချစ်တာကိုတော့ ခုတုံးမလုပ်မိစေနဲ့ ပေါ့။

အရမ်းချစ်ပြီးရင်တော့  သူတို့  ဆီမှာ

အရမ်းနာကျည်းဖို့ ပဲ ကျန်တော့ တယ်လေ….။

(၇)
နာကျင်စရာအပြုအမူတွေဘယ်လောက်ပြုခံရခံရ၊

ဝမ်းနည်းစရာစကားလုံးတွေ ဘယ်လောက်ပြောခံရခံရ၊

နေ့ တိုင်းပဲ ငိုနေရငိုနေရ….

တကယ်ချစ်တဲ့  မိန်းကလေးဆိုတာ

သူတို့ချစ်တဲ့  ချစ်သူဆီက စကားလုံးလေးတလုံး ကြားတာနဲ့ 

လွယ်လွယ်ကူကူ သင်ပုန်းချေနိုင်စွမ်းရှိသူတွေပါ….။

ဒီတော့  စိတ်ဆိုး စိတ်ကောက်အောင်လုပ်ပြီးရင်

ပြန်ချော့ ဖို့မမေ့ ပါနဲ့။

ဝမ်းနည်းစရာအပြုအမူလုပ်ပြီးရင်

ပျော်ရွှင်စေအောင်လုပ်ပေးဖို့ လည်းမမေ့ ပါနဲ့။


တကယ်ချစ်တဲ့  မိန်းကလေးတွေဆိုတာ

သင့်ကိုချစ်စိတ်တခုတည်းနဲ့ 

အရာရာအရှုံးပေးပြီးချစ်တဲ့ သူတွေပါ…။


အရာအားလုံးပြီးပြည့်စုံတယ်မဟုတ်တောင်….

ဒီအချက်လေးတွေရှိနေရင် သင့်မှာ မြတ်နိုးစရာကောင်းတဲ့ 

ချစ်သူမိန်းကလေးရှိနေပါပြီ။

အားနွဲ့သူဆိုတဲ့  ဂုဏ်ပုဒ်ကို

သူတို့ နေရင်းထိုင်ရင်း ရလာတာမဟုတ်ဘူးလေ။

သူတို့မှာ ဘာဂုဏ်ဒြပ်တွေပိုင်ဆိုင်နိုင်နေပါစေ၊

ဘယ်လောက်မျိုးကြီးဆွေကြီးထဲကဖြစ်နေပါစေ……

မိန်းမဟာ မိန်းမတစ်ယောက်ပါပဲ….

သူတို့ သိမ်ငယ်မှု့တွေကို လစ်လျူမရှု့မိပါစေနဲ့ နော်…………

credit to ပုံရိပ်စစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...